"စန်းရန်....ယောက်ျားလေးတစ်ယောက် အဝတ်အစားမပါတာကို ငါ တစ်ခါမှမမြင်ခဲ့ဖူးဘူး"
စန်းရန်က မျက်ခုံးတစ်ဖက်ပင့်မြှောက်ပြလာ၏။
ဝိန်းရိဖန်သည်လည်း ဤကိစ္စတစ်ရပ်လုံးက သူ့တာဝန်သာဖြစ်ကြောင်း ၊ သူမ မျက်နှာနီလာရခြင်းမှာ ကျိုးကြောင်းသင့်ကြောင်း ၊ သူမထံ၌ အခြားရည်ရွယ်ချက်မျိုးမရှိသည်မှာ လုံးဝသေချာကြောင်း အစွမ်းကုန်ရှင်းပြနေလိုက်၏။
"ငါတို့ အိမ်ခန်းမျှမနေခင်တုန်းက အဝတ်အစားတွေကို အရမ်းဖော်ထားတာမျိုး မဝတ်ရဘူးလို့ ငါ ပြောထားတယ်လေ ၊ နင်လည်း အဲ့အချိန်တုန်းက သဘောတူပြီး ငါ့ကိုတောင် 'စိတ်ကူးယဥ်မနေနဲ့' ဆိုပြီးပြန်ဖြေသေးတယ်"
"ကိုယ် တကယ်လည်းအဲ့လိုပြောခဲ့ပါတယ်"
စန်းရန်က ဆက်၍ ;
"ဒါပေမယ့်.....ကိုယ် ဒီနေ့ စိတ်ကြည်နေတာ...."
"?"
"မင်းကို ချိုတာလေးတွေ ကျွေးချင်နေလို့"
ဝိန်းရိဖန်တစ်ယောက် တံတွေးသီးလုနီးနီးပင် ဖြစ်သွားခဲ့တော့၏။
"....."
ဒီလောက်ထိ အရှက်မရှိတဲ့လူကို တစ်ခါမှ မတွေ့ဖူးဘူး!
မထီမဲ့မြင်ပြုနေသည့် သူ့မျက်လုံးများကို စိုက်ကြည့်ရင်း ဝိန်းရိဖန်က သူပြောသမျှအား ဂရုမစိုက်တော့ဘဲ
"ဒါဆို ပြောစရာရှိတာက ဒီလောက်ပဲ ၊ ငါ့ဘက်ကလည်း ဒီလိုမျိုးထပ်မဖြစ်အောင် အတတ်နိုင်ဆုံးရှောင်ပေးမယ် ၊ နင့်ဘက်ကနေလည်း ကျေးဇူးပြုပြီး ကြိုတင်ကာကွယ်ပေးပါ"
စန်းရန် ;
"မင်း ဖြေရှင်းပေးနေတဲ့နည်းလမ်းက အကြိမ်တိုင်းတစ်ပုံစံတည်းချည်းပဲ"
"...."
"ပြောင်းသွားတာဆိုလို့ စကားပြောတဲ့ပုံစံရယ် ၊ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါ အမိန့်လိုက်ပေးနေတာရယ်ပဲ ၊ ပြောပြီးသွားရင်လည်း ထပ်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်နေတုန်းပဲမလား"
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-
Chapter 42
Start from the beginning