Arc 4🗡99🗡တစ်နှစ်

Start from the beginning
                                    

"ကောင်လေး.... မင်း နိယာမဥပဒေရဲ့ အဓိပ္ပါယ် အမှန်ကို နားလည်သွားမယ်လို့ ငါမမျှော်လင့်ထားဘူး.... နိယာမဥပ​ဒေက အရင်းမြစ်ပဲ ဒါပေမဲ့ ဒီကျီးဖိုးဖိုးက အဲဲဒါကို ခန္ဓာကိုယ်ထဲ လုံးလုံးလျားလျား ပေါင်းစည်းဖို့ အကြံမပေးဘူးနော်.... မင်းသိပါတယ် ဒါက ကမ္ဘာငယ်လေးပဲလေ ဒီနေရာမှာ မင်းက သမုဒ္ဒရာထဲက ရေတစ်စက်ပဲ"

"မင်းဒီမှာ ဘယ်လောက်ပဲ တန်ခိုးကြီးနေပါစေ ဒီနေရာက ကောင်းကင်ဘုံထက် ဘာမှ မပိုဘူး.... နိယာမစွမ်းအင်ကို ပိုနားလည်လေ မင်းရဲ့ အားကိုးမှုက အားကောင်းလေပဲ အဆုံးမှာ မင်းရဲ့ ကျင့်စဉ်အတွက် အနှောင်အဖွဲ့ ဖြစ်လာလိမ့်မယ် နားလည်လား?"

ရွှေကျီးကန်းက ရုတ်တရက် အော်ဟစ်လိုက်သည်။ ဤအချိန်အတောအတွင်း သူသည် ကလေးမလေးကို တပည့်ကောင်းနှင့် နာခံမှုရှိသော တပည့်အဖြစ် ပြုစုပျိုးထောင်ရန် ကြွေးကြော်ကာ လုရွှမ်၏ မျက်နှာကို ကောင်းကောင်းကြီး ရိုက်ပစ်လိုက်ဖို့ စဥ်းစားထားခဲ့သည်။

မမျှော်လင့်ဘဲ သူထွက်လာသည်နှင့် လုရွှမ်က နိယာမဥပဒေကို နားလည် သဘောပေါက်သွားတာကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ ပျော်ရွှင်သွားသလို လုရွှမ် လမ်းလွဲသွားမှာကိုလည်း စိုးရိမ်သွားမိသည်။

လုရွှမ် ထိတ်လန့် တုန်လှုပ်သွားကာ နားမလည်နိုင်အောင် စိုးရိမ်လာမိသည်။ အရင်က နိယာမစွမ်းအင် ဥပဒေ၏ စွမ်းအားကို သူခံစားလိုက်ရသည်။ ထိုအချိန်တုန်းက သူသည် အရူးဧကရာဇ် ဖြစ်ခဲ့စဥ်က ဂုဏ်ဒြပ်ကိုပင် သတိရသွားခဲ့သည်။

နိယာမစွမ်းအင်ကို ပေါင်းစပ် တိုက်ခိုက်လိုက်ရင် လူအနည်းငယ်ကလွဲရင် ဘယ်သူကမှ သူ့ပြိုင်ဘက် မဖြစ်လာနိုင်တော့ပေ။

ထိုအချိန်တွင် သူသည် ဤဘဝတွင် သူ၏ ခွန်အားသည် ယခင်ဘဝကထက် ပိုမိုအားကောင်းလာမည်ဟု ယုံကြည်နေခဲ့သည်။ သူ၏ လေ့ကျင့်မှုအဆင့် တိုးတက်လာပြီးနောက် ဧကရာဇ်ကျိုးရန် ကျိုးရန်တိကျွင်းကို သတ်ပစ်ရန် သူ၏ နောက်ဆက်တွဲ လေ့ကျင့်မှုအတွက် ခဏတာ စိတ်ရှုပ်နေခဲ့သည်။

ဤအချိန်တွင် ရွှေကျီးကန်း၏ စကားများကို နားထောင်ရင်း လုရွှမ် ရုတ်တရက် သူ့ဉာဏ်အလင်း ပွင့်သွားသလို ခံစားလိုက်ရသည်။ တစ်ခါတရံမှာ တစ်ဖက်ခုကို ပိုအားကိုးမိလေ တခြားအရာတွေကို လျစ်လျူမရှုနိုင်လေပင်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now