Ning Tang က အကြိမ်အနည်းငယ် ထပ်ကြည့်ပြီးတော့ သူမအရင်တုန်းက တစ်ကြိမ်မှ မမြင်ဖူးဘူးဆိုတာကို လက်ခံလိုက်သည်။
" အဲ့ဒါက တော်တော်လေးထူးဆန်းတယ်။ ရှင် အဲ့ဒါကို ပြုတ်တာလား ဒါမှမဟုတ် ကြော်တာလား?"

" နင်နှစ်ခုလုံး လုပ်လို့ရတယ်။"
အစ်မ Luo က စိတ်အားထက်သန်စွာ ပြောလိုက်သည်။ သူမက အဲ့ဒါကိုစားဖို့ နည်းလမ်းပေါင်းစုံကို
အချိန်တစ်ချို့ ယူကာ ရှင်းပြပြီး Ning Tang ကို ထွက်သွားခွင့်မပေးခင် အဲ့ဒါတွေ တစ်အိတ်လုံး ပေးလိုက်သည်။

Ning Tang က သူမရဲ့ နဖူးပေါ်က ချွေးတွေကို သုတ်လိုက်လေသည်။ အစ်မ Luo က အရမ်း စိတ်အားထက်သန်လွန်းတယ်။ နေဝင်ချိန် ‌မရောက်သေးဘဲ မနောက်ကျသေးရင် အစ်မ Luo က ဖြစ်နိုင်တာက သူမကို စကားဆက်ပြောနေဦးမယ်ဆိုတာပဲဖြစ်သည်။

အစ်မ Luo ကို နှုတ်ဆက်ပြီးတဲ့အခါ သူတို့လေးယောက်က စစ်တပ်အိမ်ရာဝင်း သူတို့နေမယ့် နေရာကို သွားနေခဲ့သည်။

လမ်းတစ်လျှောက်လုံးမှာ Su Junyan က
မိတ်ဆက်ပေးနေခဲ့တယ်။
" Hailang ကျွန်းရဲ့ ဧရိယာက သိပ်မကြီးဘူး။
ဒါပေမယ့် အခြေခံအဆောက်အဦးတွေဖြစ်တဲ့
ဆေးရုံ၊ ကျောင်း နဲ့ စပါးနှင့် ဆီဆိုင်တွေ အားလုံး
ရရှိနိုင်တယ်။ အဲ့မှာက သေးပေမယ့် စုံလင်စွာဖွဲ့စည်းထားတယ်။"

" ငါတို့ ဒီမှာ နေရမှာလား"
Ning Xue က သူတို့ ဖြတ်သွားခဲ့တဲ့ ဘန်ဂလိုအချို့ ကို ညွှန်ပြပြီးမေးလိုက်သည်။

Su Junyan က ပြုံးလိုက်သည်။
"  ကျွန်းရဲ့ နေထိုင်သူတွေက အဲ့ဒီအိမ်တွေမှာနေထိုင်ကြတယ်။ Shen Lie နဲ့ ကိုယ်က စစ်တပ်က တည်ဆောက်ထားတဲ့ စစ်တပ်မိသားစု ရပ်ကွက်‌တွေမှာ နေတယ်။ ကိုယ်တို့က အလယ်နဲ့နီးပြီးတော့ ဝင်ပေါက်မှာ အစောင့်တွေရှိတယ်။"

စစ်တပ်မိသားစု ရပ်ကွက်? ၀င်ပေါက်မှာ အစောင့်?
အဲ့ဒါတွေကို ကြားတဲ့အခါ Ning Xue ရဲ့မျက်လုံးတွေက အလိုဆန္ဒ တွေနဲ့ ပြည့်သွားသည်။ အဲ့ဒါက သူမတစ်ခါမှာ စိတ်ကူးယဥ်ဖူးတာ မဟုတ်ဘူး ပြီးတော့ သူမက Su Junyan ကို လေးစားမှုအပြည့်နဲ့ မကြည့်ဖို့မနေနိုင်ဘူး။

Su Junyan က Ning Xue ရဲ့မျက်လုံးတွေထဲက လေးစားမှုအပြည့်ကိုကြည့်ကာ နှစ်သက်နေပြီးတော့ ပြုံးလိုက်သည်။

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now