Arc 4🗡94🗡အသက်ရှင်လျက်သေရခြင်း

Start from the beginning
                                    

သို့သော် အဘိုးကြီး ရှစ်ဖန်းရဲ့ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင် လိုင်းကြောင်းများ ကွဲအက်သွားပြီး အချိန်အတော် ကြာပြီးနောက် သူ့ခန္ဓာကိုယ်သည် သံဘောလုံးကဲ့သို့ ပြင်းထန်စွာ ပြုတ်ကျလာခဲ့​လေသည်။

မြေပြင်ကို ထိခတ်လိုက်သည်နှင့် ခုတ်ထစ်ထားသော အသား အပိုင်းအစများ အဖြစ် ပြောင်းလဲသွားသည်။

ပရိတ်သတ်များ ဆွံ့အသွားကြရှာပြီ။ နောက်ဆုံး မြင်ကွင်းမှာတော့ အဘိုးအို ရှစ်ဖန်းက မပျံသန်းနိုင်ခဲ့ဘူး ဆိုတာ သိသာထင်ရှားလေ၏။ သူ့ရဲ့ တောက်ကျင့်စဥ်ပုံစံက ပြိုကွဲသွားလို့ သူ့ရဲ့ကျင့်ကြံမှုကိုဟာ ဟန့်တားခဲ့တာများ ဖြစ်နိုင်မလား။

သနားစရာပဲ။ သနားစရာပဲ။ အဘိုးကြီးရဲ့ တောက်ကျင့်စဥ် လမ်းကြောင်းကို ပိတ်ပင်လိုက်တာက သူ့ကို ရှင်ရက်နဲ့သေအောင် လုပ်လိုက်တာပဲ မဟုတ်ဘူးလား?

လူတိုင်းက လုရွှမ်ကို လေးလေးနက်နက် မျက်နှာထားနဲ့ ကြည့်နေကြ၏။ သူသုံးသွားတဲ့ အဲဒီနည်းလမ်းက တကယ်ကို ထူးဆန်းလွန်းလှသည်။

အဘိုးကြီး ရှစ်ဖန်းအပေါ်မှာ သုံးသွားတဲ့ နည်းလမ်းအတိုင်း သူတို့ကို တိုက်ခိုက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ? ဒါဆို ဘယ်လိုများ ခုခံရမလဲ? !

"ဒါက တောက်ကျင့်စဥ်ရဲ့ နိယာမစွမ်းအင် အသွင်အပြင် ဖြစ်ပုံရတယ်"

နောက်ဆုံးမှာ လူတစ်ယောက်က ထပြောလိုက်တော့သည်။ မကြာခင်မှာပဲ ဒါဟာ တောင်ကျင့်စဥ်ရဲ့ နိယာမစွမ်းအင် လမ်းကြောင်းရဲ့ အသွင်အပြင်တစ်ခု ဖြစ်နိုင်တယ်လို့ လူတော်တော်များများက သဘောပေါက်သွားကြသည်။

နိယာမစွမ်းအင် လမ်းကြောင်း တချို့က အဘိုးကြီးဆီက ထွက်လာခဲ့ပေမယ့် အဆုံးမှာတော့ သနားစရာကောင်းစွာ အရှုံးပေးခဲ့ရလေသည်။

ပြောရရင်တော့ ရယ်စရာ ကောင်းပေမယ့် တကယ်တမ်းတော့ ကြောက်စရာ ကောင်းလှ၏။ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ တစ်​ယောက်မှာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ပဲရှိတဲ့ လူဆီမှာ အသတ်ခံခဲ့ရတယ်တဲ့လေ။

လုရွှမ်ရဲ့ ဘေးမှာ ရပ်နေခဲ့တဲ့ ကျောင်းကျန့်က ဒါကို အရှင်းဆုံး မြင်နိုင်ခဲ့သူ ဖြစ်သည်။ အစကနေ အဆုံးအထိ လုရွှမ် သုံးသွားတဲ့ စွမ်းအင်က သူနားလည်ထားခဲ့တဲ့ တောက်ကျင့်စဥ် နိယာမစွမ်းအင် နည်းလမ်းဆိုတာ သိလိုက်ပြီ ဖြစ်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now