အပိုင်း၁၄

473 45 4
                                    

Uni

" မင်းနဲ့သူကြားမှာလဲအဆက်အသွယ်တစ်ခုခုရှိမယ်ဆိုတာငါယုံကြည်တယ် ပြီးတော့ငါမင်းကိုဒီကိုပြန်လာလို့ရအောင်လဲကူပေးမယ်။ "

" တ..တကယ်လား "

" တကယ်ပေါ့ ဒါပေမဲ့အဲ့တာကမင်းကံနဲ့ဆိုင်တယ် မင်းသာသူနဲ့တွေ့ဖို့ကံထပ်ပါလာမယ်ဆိုရင်တော့အဲ့အရာကအောင်မြင်သွားလိမွမယ် မင်းဘက်ကလဲသူ့ကိုထပ်တွေ့ဖို့ဆန္ဒရှိတယ်ဆိုရင်ပေါ့။ "

    လေးလေးနက်နက်ပြောလာတဲ့ထွန်းလင်းမောင်ရဲ့အပြောတွေကိုရိုးစွေငြိမ်သက်သွာနားထောင်မိသည်။သူသေချာပေါက်ပိုင်ပိုင့်ဆီပြန်ကိုပြန်လာရမယ် သေချာပေါက်ဘဲ။
.
.
.
     အဖွားဖြစ်သူရင်ခွင်ထဲမှာအိပ်ပျော်သွားတဲ့ပိုင်ပိုင်ကဖြူဖျော့ဖျော့ပင်အတော်လေးနုနယ်လွန်းလှသည်။အဖွားဖြစ်သူကသူ့မြေးလေးအားအသာလေးရင်ခွင်ထဲကထုတ်လို့ကုတင်ပေါ်မှာအိပ်စက်လေလိုက်သည်။ဖွားမေရှင်းသူ့မြေးဖြစ်သူရဲ့ဆံပင်လေးတွေအားဖွာပေးပြီးအခန်းထဲကထွက်ရန်ကုတင်ပေါ်ကအထ ကုတင်ဘေးကစားပွဲခုံလေးပေါ်ကအရာတစ်ခုအားလှမ်းတွေ့မိလေသည်။

    စာအုပ်တစ်အုပ် အတော်လေးဟောင်းနွမ်းနေပြီဖြစ်သည်။ဖွားမေရှင်းကခပ်လှမ်းလှမ်းကကြည့်တာသိပ်မမြင်ရတာကြောင့်အနီးကိုသွားကာကြည့်ကာခြေလှမ်းမိပေမဲ့အနောက်ဘက်ကတံခါးဖွင့်သံကြောင့်ခြေလှမ်းတွေကရပ်တန့်သွားလေသည်။

" ဖွား ပိုင်ပိုင်အိပ်သွားပြီလား "

" အော် အေးကွဲ့ ပိုင်ပိုင်ကအိပ်သွားပြီ မင်းလာတာနဲ့အတော်ဘဲသူ့ကိုဂရုစိုက်ပေးအုံးကွဲ့ ဖွားညနေစာအတွက်သွားလုပ်အုံးမယ်။ "

" ဟုတ်ကဲ့ပါ "

    မှတ်ဉာဏ်ဖျောက်ခံထားရတဲ့အဖွားကြီးကသူ့အားပြုံးပြုံးရွှင်ရွှင်နဲ့ပြောကာအခန်းထဲကနေထွက်သွားလေသည်။ထိုမှရိုးစွေအိပ်ပျော်နေတဲ့ပိုင်ပိုင့်ကုတင်ဘေးလေးအားလျှောက်သွားကာ ကုတင်ပေါ်တင်မလွဲထိုင်လိုက်သည်။

    အိပ်ပျော်နေတဲ့ကောင်လေးကသိပ်ကိုချသ်ဖို့ကောင်းလွန်းလှသည်။မျက်နှာဝိုင်းဝိုင်းလေးနဲ့ ပါးဖောင်းထောင်းလေးတွေ...ရိုးစွေသူ့ကိုယ်သူတောင်မသိဘဲ သူ့လက်ညိုးကအိပ်ပျော်နေတဲ့ပိုင်ပိုင့်ပါးလေးအားအသာလေးသွားထိုးကြည့်နေမိသည်။

အချစ်နေ့စွဲ ရက်၂၀ (Completed) Tahanan ng mga kuwento. Tumuklas ngayon