အပိုင်း၅

625 69 18
                                    

5

    ပိုင်ပိုင် သူ့အားပြုံးရယ်စေသော သူသိပ်သဘောကျရတဲ့စိတ်ကူးယဥ်ဇာတ်ကောင်လေးအားစိတ်ထဲတွင်ကျေးဇူးတင်မိသည်။ခင်များကလေဝတ္ထုထဲမှာတင်ဖတ်မိတဲ့ကျွန်တော်ကိုပြုံးရယ်အောင်လုပ်နိုင်ယုံတင်မကဘူး။အပြင်ရောက်လာတော့လဲခင်များကကျွန်တော့်ကိုပြုံးရယ်အောင်လုပ်နိုင်သေးတယ်။

    ပိုင်ပိုင်ရုတ်တရက်ပြုံးရယ်နေရင်း ရိုးစွေသာပြန်သွားခဲ့ရင်ဆိုတဲ့အတွေးကဝင်လာတာကြောင့်မျက်နှာလေးမဲ့ကျသွားမိသည်။သူမျက်နှာလေးပျက်ကျသွားတာနဲ့သူ့ဘေးကပျံနေတဲ့လိပ်ပြာလေးတွေဟာရုတ်ချဥ်းမြက်ခင်းပြင်ပေါ်အား ပြုတ်ကျသွားကြသည်ကား ပိုင်ပိုင့်စိတ်နဲ့ဆက်နွယ်ထားသလို။

" ဘာဖြစ်လို့လဲ သဘောမကျလို့လား ဘာလို့မျက်နှာပျက်သွားတာလဲ။ "

" ရိုးစွေ~~~ ဒီအခိုက်အတန့်ကဘယ်အချိန်ထိရှိနေမှာလဲဟင်။ကျွန်တော်ခင်များကိုမတွေ့ရတော့မှာကိုကြောက်နေမိတယ်။ "

" မင်းကိုယ့်ကိုဆင့်ခေါ်တယ်ဆိုတာမင်းလိုအပ်လို့ ဟုတ်လား အဲ့အတွက်ကိုယ်မင်းဖို့ရှိနေပေးပါ့မယ် အချိန်တစ်ခုအထိပေါ့။ "

" အချိန်တစ်ခု!! အဲ့တာပြီးရင်ပျောက်ကွယ်သွားမှာလား ထပ်ပြီးကျွန်တော့်ကိုတစ်ခြားလူတွေလိုထားခဲ့အုန်းမှာလား မေမေနဲ့ဖေဖေလို့လား..."

   နောက်ဆုံးစကားလေးအားမျက်လွှာလေးချကာအသံခပ်တိုးတိုးလေးနဲ့ပြောလာပေမဲ့ရိုးစွေကြားလိုက်ပါသည်။ဒီကောင်လေးသူ့ကိုစွဲလမ်းနေတာကလဲမထူးဆန်းပါဘူး အကြောင်းအရာကသူ့မိဘတွေနဲ့သူချစ်ရတဲ့လူတွေဆီကမရခဲ့တဲ့အချစ်ကို စိတ်ကူးယဥ်ပြီးရိုးစွေဆီကနေရချင်နေခဲ့တာဖြစ်သည်။

" ကိုယ်ပြောဖူးတယ်နော် မင်းတစ်ခုခုဖြစ်ရင်အဲ့အရာကကိုယ့်အပေါ်သက်ရောက်တယ်ဆိုတာ..."

   ရိုးစွေကအဓိပါယ်ပါပါပြောလာတော့ထိုမှသတိရတဲ့ပိုင်ပိုင်ပါးပြင်ပေါ်ကမျက်ရည်တွေအားလက်ခုံဖြင့်ဖိသုတ်ကာစိတ်ပူတဲ့မျက်နှာလေးဖြင့်အမေးစကားထုတ်မိသည်။

" ဘယ် ဘယ်နားကအဆင်မပြေဖြစ်လို့လဲ တောင်းပန်ပါတယ် ကျွန်တော်မေ့သွားလို့ "

အချစ်နေ့စွဲ ရက်၂၀ (Completed) Where stories live. Discover now