အပိုင်း၉

417 47 11
                                    

Uni

    ညဘက်တွေပိုင်ပိုင်အိပ်ပြီဆိုတာနဲ့နာရီဝက်အကြာမှာအသော်စစ်နဲ့နန်းညိုက ပြတင်းပေါက်ကနေကျော်တက်လာလေ့ရှိပြီး ရိုးစွေနဲ့အတူဒိုးဆက်လာဆော့ရင်းစကားတွေမြည်တွန်ကြလေ့ရှိသည်။အစကတော့စိမ်းနေပေမဲ့နောက်ပိုင်း ခင်မင်လာတော့သုံးယောက်လုံးကသူငယ်ချင်းေတွဖြစ်လာကြသည်။

" ဒီတစ်ခေါက်ကဒ်ဖွက်ရင်ငါမင်းကိုရေတွင်းထဲနှစ်သတ်ပြစ်မယ်။ "

" အာရိုးညီလေးကလဲကွာ ကိုကြီးကိုနှစ်သက်ချင်တာများဖွင့်ပြောလဲရပါတယ်ကွာ "

" ဟျောင့် မြန်မာစကားကိုနက်နဲအောင်မလုပ်နဲ့ အတည်ပြောနေတာ "

" ယုံပါတယ် မင်းငါ့ကိုကြိုက်နေတာမှတ်လား အားရိုးညီလေး ကိုကြီးကိုဖွင့်ပြောလို့ရတယ်နော်။ "

   အိမ်မက်သခင်အသော်စစ်က ရေတွင်းစောင့်နတ်နန်းညိုရဲ့ပုခုံးပေါ်အားခေါင်းမှီကာပွတ်သပ်နေသည့်ပုံကမြင်ရသည့်ရှေ့ကရိုးစွေအဖို့တော့အမြင်ရှက်စရာ။

    နန်းညိုကြိုက်ချင်ရင်တောင်ကြိုက်လို့ရနိုင်တဲ့အထိ အိမ်မက်သခင်အသော်စစ်ကအတော်လေးကြည့်လို့ကောင်းပါသည်။မျက်နှာမှာပိုမိုလှပအောင်မှဲ့တန်းလေးတွေရှိပြီးမျက်နှာကအနည်းငယ်မိန်းမဆန်သည်။

" ခြောက်စုံ "

" ခြောက် နှစ် "

" ဂိမ်းပြီ သုံးကဒ်ပေါင်းဆင်းတာ "

    ရိုးစွေရဲ့အမြဲကဒ်တိုးပေါင်းဆင်းတာကများလွန်းနေပြီဖြစ်တာကြောင့် နန်းညိုနဲ့အသော်စစ်တို့ခနခနရှုံးနေတာကြောင့်ဆော့ရတာတောင်စိတ်ပျက်နေလေပြီ။နိုင်တာနဲ့လက်ဖြန့်ကာလောင်းကြေးတောင်းတဲ့ရိုးစွေက ဖြတ်ရိုက်ချင်စရာပင်။

" ရော့ ဒါငါ့ဆီမှာရှိတဲ့ရွှေ စတုံးဘဲ "

" ငါ့ဆီမှာလဲ ငါရှာထားတဲ့ပုလဲတစ်လုံးဘဲရှိတယ် ရော့ရော့ "

     သူတို့မှာရှိတာလေးတွေကိုထုတ်ပေးလာသူနှစ်ယောက်ကမျက်နှာတွေဆူပုတ်ပုတ်ဖြင့်။ရိုးစွေနဲ့ဆော့ရင်ရှုံးမယ်ဆိုတာသိရက်နဲ့ကိုလာလာဆော့နေသည့်ဒီအရူးနှစ်ကောင်ကကုန်ပေါက်လိုက်ရှာနေကြသည်ထင်။

အချစ်နေ့စွဲ ရက်၂၀ (Completed) حيث تعيش القصص. اكتشف الآن