အပိုင်း၃

669 88 40
                                    

Uni

" ကျောင်းသားပိုင်သော်တာစန်း နောက်ကျလှချည်လား "

" ဘတ်စ်ကားကကြာနေလို့ပါဆရာမ တောင်းပန်ပါတယ် "

" အင်း သူကကောဘယ်သူလဲ "

" အာသူကကျွန်တော့်သူငယ်ချင်းပါဆရာမ cosplayerလေ သူကပြပွဲသွားရမှာမို့ကျွန်တော်နဲ့အတူခနလိုက်လာတာ..."

" အို ငါသင်တန်းထဲကိုဒီလိုသူစိမ်းတွေခေါ်မလာနဲ့ပိုင်ပိုင်...ခေါ်ချင်ကြာကြာလေးခေါ်လာ ဓာတ်ပုံလေးရိုက်လို့ရမလားရှင့်..."

" ဟမ် အာ..ဟုတ်ကဲ့ဆရာမ "

  ဆရာမလဲ ပိုင်ပိုင်ဖွားနည်းတူမှော်ဆရာရိုးစွေအားမြင်မြင်ချင်းသဘောကျသွားသည့်ပုံ ဆရာမကစာသင်တာကိုရပ်ကာ ဖုန်းအားထုတ်လို့ဓာတ်ပုံရိုက်ရန်အတင်းတိုးကပ်သွားတာကြောင့် ပိုင်ပိုင်မျက်လုံးဖြင့်သာအသာတကြည်ဓာတ်ပုံအရိုက်ခံရန်မျက်စပစ်ပြလိုက်ရသည်။

ဂျပန်စာသင်တန်းတက်နေတဲ့ပိုင်ပိုင်တစ်ယောက်ဒီနေ့တော့ဂျပန်စာမသင်ရဘဲ ဆရာမသူ့ရဲ့မှော်ဆရာလေးအားစူးစမ်းနေတာကိုသာထိုင်ကြည့်နေရတော့သည်။ဒီလိုဆိုတော့သူမနာလိုဖြစ်လာလေပြီ။

" ဆံပင်လေးတွေကအိနေတာဘဲ အတုလားအစစ်လားကွဲ့ "

" ဂါးးး ဆရာမကျွန်တော်တို့ကိုဘယ်တော့မှစာသင်မှာလဲ သူနဲ့ပြောနေတာနာရီဝက်လောက်ရှိနေပြီ "

" အံမယ် ငါဆရာမလားနင်ဆရာမလား မနေ့ကသင်လိုက်တဲ့ဟာတွေပြန်နွှေးထားကြ ဒီနေ့စိတ်ပျော်လို့ဆရာမကအတန်းကြိုဆင်းပေးမယ် အတန်းပြီးရင်တို့နဲ့မုန့်အတူလိုက်စားမလားကောင်လေး "

ဖက်ခနဲ ရိုးစွေရဲ့လက်အားလာကိုင်တဲ့ဆရာမကြောင့်ရိုးစွေအီတိတိပြုံးပြကာသူ့လက်အားရုတ်သိမ်းကာဝတ်ရုံထဲထည့်လိုက်ရသည်။မှော်အစွမ်းသာရှိရင် ဒီဆရာမကိုလင်တစ်သက်လုံးမရအောင်ကျိန်စာတိုက်ပေးလိုက်ပါအုံးမည်။

11နာရီလောက်ကျတော့သင်တန်းချိန်ပြီးသွားလေပြီ။အိမ်ပြန်ရန်အတွက် သူ့မှာဆရာမလက်ထဲကသူ့မှော်ဆရာလေးအားအတင်းဆွဲခေါ်လဲထုတ်ခဲ့ရသေးသည်။ဒီလိုပုံနဲ့နေ့တိုင်းသင်တန်းလာတက်နေရရင်ဘယ်လိုလုပ်ရပါ့။

အချစ်နေ့စွဲ ရက်၂၀ (Completed) Dove le storie prendono vita. Scoprilo ora