intro

5.8K 173 30
                                    

Uni

   Helloမတွေ့တာကြာပြီနော် သာသာဘိုအင်တစ်ယောက်စာရေးတာလေးခနနားတဲ့အချိန်လေးကုန်ဆုံးသွားခဲ့ပါပြီ။စာတွေပြန်ရေးတော့မှာမို့ ဖတ်ဖို့သာပြင်ထားကြပါ။တစ်ခုပြီးတစ်ခုရေးဖို့လဲသေချာလေးစီစဥ်ထားပါတယ်။

   ဒီတစ်ခေါက်ရေးမဲ့ဟာကအရှေ့ကဟာတွေထပ်ကိုပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်။ဇာတ်လမ်းကအတော်လေးစိတ်ကူးယဥ်ဆန်သလို လောကမှာမရှိတာတွေမဖြစ်နိုင်တာတွေပါဝင်နိုင်ပါတယ်။ကဲဇာတ်လမ်းအကျဥ်းလေးပြောကြရအောင်။

ဇာတ်လမ်းအကျဥ်း -

   ကိုယ်သဘောကျရတဲ့ဝတ္ထုထဲကဇာတ်ကောင်ကို အပြင်မှာတွေ့ခွင့်ရမယ်ဆို ဘယ်လိုခံစားရမလဲ။

  ပိုင်သော်တာစန်းဆိုတဲ့ကောင်လေးက သူ့ဖတ်ဖူးတဲ့စိတ်ကူးယဥ်မှော်စာအုပ်ကလေးထဲက ဇာတ်ကောင်ဖြစ်တဲ့မှော်ဆရာလေးမဟာရိုးစွေကို သိပ်သဘောကျသူတစ်ယောက်ပါ။တစ်နေ့မှာ သူသိပ်သဘောကျရတဲ့ဇာတ်ကောင်ကိုအပြင်မှာတွေ့နိုင်ဖို့ကြယ်ကြွေတဲ့အချိန်ဆုတောင်းမိတဲ့အခါ။

   မဖြစ်နိုင်လောက်ဘူးထင်ပြီးဆုတောင်းခဲ့ပေမဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုကြောင့်သူသိပ်သဘောကျရတဲ့ဝတ္ထုထဲကဇာတ်ကောင်လေးဝတ္ထုထဲကနေအပြင်ကိုရောက်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ။လူ့လောကကြီးမှာ ဝတ္ထုထဲကဇာတ်ကောင်လေးက ရက်၂၀ဘဲနေဖို့ဖြစ်လာတဲ့အခါ။ဘယ်လိုတွေကြုံတွေ့ရမလဲ ဇာတ်ကောင်လေးကနဲ့အဲ့ဇာတ်ကောင်လေးကိုသဘောကျမိတဲ့ကောင်လေးရဲ့အချစ်ဇာတ်လမ်းကဘယ်လိုရှိမလဲဆိုတာကို ရိုရိုချိုချိုလေးနဲ့ဖတ်ရမှာပါ။

ပိုင်သော်တာစန်း -

ကျွန်တော်ခင်များကိုသဘောကျတယ် မှော်ဆရာရိုးစွေ။

မဟာရိုးစွေ  -

အင်းးး။ဒါပေမဲ့ ကိုယ်ကအပြင်မှာတကယ်မှမရှိတာ ကိုယ်ကစိတ်ကူးယဥ်ဝတ္ထုထဲကဇာတ်ကောင်တစ်ယောက်ပါ။

  ဒါလေးကတော့ဇာတ်လမ်းအကျဥ်းလေးဘဲဖြစ်ပါတယ်။plotထူးဆန်းဆန်းမျိုးမရေးဖူးတာကြောင့်ရေးကြည့်ဖို့စဥ်းစားမိပြီးရေးဖြစ်သွားတာပါ။အမှားအယွင်းရှိရင်နားလည်ပေးဖို့တောင်းဆိုပါတယ်။

အချစ်နေ့စွဲ ရက်၂၀ (Completed) Where stories live. Discover now