အပိုင်း၁

1.8K 127 46
                                    


Uni

ကိုယ်သိပ်သဘောကျရတဲ့ဝတ္ထုထဲကဇာတ်ကောင်ကိုအပြင်လောကမှာတွေ့မြင်ရမယ်ဆိုဘယ်လိုခံစားရမလဲ။တကယ်လို့မင်းကိုဆုတောင်းတစ်ခုပေးမယ် မင်းသဘောကျတဲ့ဇာတ်ကောင်ကိုအပြင်မှာတွေ့ခွင့်ရှိမလားလို့မင်းဆုတောင်းမလား။

လရောင်ထိုးကျနေတဲ့အခန်းငယ်လေးကလရောင်ရဲ့အလင်းနဲ့အခန်းထဲကပစ္စည်းတွေကိုမြင်ရသည်။နံရံမှာကပ်ထားတဲ့ပန်းချီပုံတွေကသိပ်ကိုလှပလွန်းပေမဲ့ နံရံမှာကပ်ထားသမျှပုံတွေဟာ ယောကျာ်းသားတစ်ယောက်ရဲ့ပုံတွေချည်းသာဖြစ်သည်။

ထူးဆန်းဆန်းဆံပင်ရှည်အနီနဲ့ဝတ်ရုံနက်ကိုဝတ်ဆင်ထားတဲ့ယောကျာ်းတစ်ယောက်ပုံတွေကအတော်လက်ရာမြောက်လှသည်။

ထိုအရာတွေကိုရေးဆွဲထားသူဟုထင်ရသည့်လူဟာကောင်ငယ်လေးတစ်ယောက်ပင်ဖြစ်သည်။လရောင်ထိုးကျတဲ့ပြတင်းပေါက်ဝမှာထိုင်ကာထိုနံရံပေါ်မှာကပ်ထားတဲ့ယောကျာ်းပုံကိုသာထပ်ဆွဲနေတဲ့ကောင်လေးကအလွန့်ကိုထူးခြားသည်။

သူ့ဘေးတွင်လဲ "မှော်ဆရာလေး "ဟုခေါင်းစဥ်ရှိတဲ့စာအုပ်ကလေးကရှိနေသေးသည်။ပုံကိုအသေချာရေးဆွဲနေတဲ့ကောင်ငယ်လေးကဆံပင်ခပ်အုပ်အုပ်လေးနဲ့ မျက်မှန်အဝိုင်းလေးတပ်ထားသည်။ကြည့်ရတာရိုးရိုးအေးအေးလေးနှင့် မျက်နှာကလရောင်အောက်မှာကြည်လင်လှသည်။

" ညဥ့်နက်နေပြီထင်တယ် မနက်ဖြန်ကျအပြီးဆွဲပေးမယ်နော် "

ဆွဲလက်စပုံကိုကြည့်ကာစကားပြောနေသည့်ကောင်လေးကအနည်းငယ်ရူးကြောင်ကြောင်နိုင်လွန်းနေလိမ့်မည်။ခဲတံတွေအားဘူးလေးထဲထည့်လို့ဆွဲလို့မပြီးသေးတဲ့စာရွက်လေးအားစနစ်တကျလိပ်ကာဘူးလေးထဲထည့်ကာသိမ်းဆည်းနေလေသည်။

သူ့နာမည်ကပိုင်သော်တာစန်းတဲ့...အများစုကပိုင်ပိုင်လို့ခေါ်ကြတယ်။မိသားစုရဲ့ဒုတိယမြောက်သားဖြစ်ပြီး ပိုင်ပိုင်ဟာအခုလက်ရှိမှာသူ့အဖွားဖြစ်သူနဲ့နေထိုင်သည်။မိဘတွေနဲ့မနေဘူးလားဆို သူဟာမိဘတွေမရှိတော့တဲ့ကလေးတစ်ယောက်။မိဘတွေဆုံးသွား၍တော့မဟုတ်သူတို့အခုထိသက်ရှိထင်ရှားရှိနေဆဲပါ။သို့ပေမဲ့အတူတော့မနေကြ လွန်ခဲ့တဲ့လေးနှစ်လောက်က သူတို့မိသားစုလေးတကွဲတပြားဆီဖြစ်ခဲ့ပြီးအဖေနဲ့အမေက ကွဲရှင်းခဲ့ရသည်။ဖေဖေဟာ အကြီးဆုံးကို့ကိုအားခေါ်သွားပြီး မေမေကတော့အငယ်မလေးအားခေါ်သွားသည်။

အချစ်နေ့စွဲ ရက်၂၀ (Completed) Where stories live. Discover now