အပိုင်း၂

782 97 30
                                    

Uni

" မင်းနာမည်ဘယ်လိုခေါ်လဲကောင်လေး "

" ပိုင်...ပိုင်သော်တာစန်းပါ။ "

" ပိုင်သော်တာစန်း...စန်း!!!...ထူးဆန်းဆန်းနာမည်ဘဲကောင်လေး "

" အာ...ကောင်လေးလို့ခေါ်မနေပါနဲ့လား ကျွန်တော်နဲ့ခင်များနဲ့ကရွယ်တူလောက်ဘဲရှိမယ်ထင်တယ်။ "

" ရွယ်တူ ဟားဟားးး..."

   ရယ်သံအတူကြမ်းပြင်ပေါ်လှဲနေတဲ့လူဟာချက်ချင်းလျင်မြန်စွာပိုင်ပိုင့်ရဲ့မျက်နှာရှေ့အားလေအဟုန်နဲ့အတူရောက်လာလို့ အားပြင်းပြင်းနဲ့ပိုင်ပိုင့်ဘေးကနံရံကိုလက်ထောက်လာသည့်အသံက အသဲနုတဲ့ပိုင်ပိုင့်အားတုန်လှုပ်သွားစေလေသည်။

" ငါ့အသက် ​သုံးရာကျော်နေပြီကောင်လေး ဘယ်လိုလဲရွယ်တူဖြစ်သေးလားအခုကော "

" သုံးရာ!! အဲ့လောက်ထိတောင်အသက်ရှည်ကြတာလား ၊ ကျွန်တော့်အဖိုးရဲ့အဖိုးရဲ့အဖိုးလောက်ရှိမှာပေါ့ "

" အဲ့တာထပ်တောင်ငါကပိုပြီးအသက်ကြီးသေးတယ် ရာစုနှစ်တွေအများကြီးကိုငါကကျော်လွန်ခဲ့တာကောင်လေး "

    ပိုင်ပိုင်တစ်ယောက်ပါးစပ်အဟောင်းသားဖြင့်သာအံသြမိသည်။သူနဲ့ရွယ်တူလောက်သာရှိလောက်မည်လို့ထင်ရတဲ့လူကသူ့ထက်အသက်ရာကေျာ်တောင်ကြီးတယ်တဲ့လေ...အယ်မထူးဆန်းပါဘူး သူကဝတ္ထုထဲကမှော်ဆရာတစ်ယောက်ဘဲလေ။မှော်ဆရာတွေကသူတို့အစွမ်းတွေနဲ့အသက်ရှည်အောင်လုပ်လို့ရတာဘဲမှတ်လား...

" ပိုင်ပိုင်ရေ...မနိုးသေးဘူးလားမြေးလေးရေ ဖွားတောင်စျေးကပြန်လာပြီကွယ် "

" အာ...နိုး နိုးနေပါပြီဖွား မျက်နှာသစ်နေလို့ပါ။ "

" အေးကွယ် ပြီးရင်မနက်စာလာဆင်းစား သင်တန်းသွားရအုံးမှာမဟုတ်လား။ "

" သင်တန်း...ဟုတ်တယ် သင်တန်းရှိတာဘဲ။ "

   ပိုင်ပိုင်အခုမှသတိရကာနံရံကပ်နာရီအားကြည့်မိတော့၈နာရီတောင်ရှိနေပြီ သင်တန်းက၈နာရီခွဲစမည့်ဟာကိုသူတော့နောက်ကျတော့မည်။ထို့ကြောင့်အမြန်ထကာ ရေချိုးခန်းရှေ့ပြေးသွားလို့အဝတ်အစားတွေချွတ်မိသည်။သူသတိမထားမိတာက သူ့နောက်မှာတစ်စုံတစ်ယောက်ရှိနေတယ်ဆိုတာပင်။

အချစ်နေ့စွဲ ရက်၂၀ (Completed) Where stories live. Discover now