အပိုင်း၁၀

362 41 9
                                    

Uni

" ကိုကို...ကိုကိုဘယ်မှာလဲ!!! "

" သားလေး အမေ့ရဲ့သားလေး အမေ့အသံကြားရရဲ့လား။ "

" ကိုကို!! "

   ကျယ်လောင်တဲ့ခေါ်သံတွေဟာနားထဲတိုးဝင်ပြီးအဆုံးရိုးစွေတစ်ယောက်အိမ်မက်ဆိုးတွေထဲကနေနိုးထလာနိုင်ခဲ့သည်။မျက်လုံးတွေဟာ ဂနာမငြိမ်ဖြစ်လို့ အသက်ရှူသံတွေကပြင်းထန်လွန်းလှသည်။

    သူ့စိတ်သူငြိမ်အောင်ထိန်းကာ အိပ်စက်နေတဲ့ပိုင်ပိုင်အားမနိုးစေရန်ကုတင်ပေါ်မှာအသာလေးထလာလိုက်တော့ ပြတင်းပေါက်ဘောင်ပေါ်ထိုင်နေတဲ့အသော်စစ်ကသူ့အားတွေ့တာနဲ့ပြုံးရယ်လာကာ။

" အိမ်မက်ဆိုတာစိတ်စွဲမှု့ကနေဖြစ်ပျက်လာတာ အဲ့အိမ်မက်ကဆိုးဆိုးကောင်းကောင်း မှတ်မိနေတယ်ဆိုအဲ့တာကတကယ်ဖြစ်နေတာဘဲ။ "

" မင်း...ဘာကိုပြောတာလဲ။ "

" မင်းမကြားဖူးလားမင်းကိုခေါ်တဲ့အသံတွေကိုသူတို့ပုံရိပ်တွေကိုမင်းမှတ်မိနေသေးတယ်မဟုတ်လား အဲ့တာကတကယ်ဖြစ်ပျက်နေတဲ့အရာတွေကအိမ်မက်အဖြစ်ကူးပြောင်းလာတာ "

    အသော်စစ်ကပြောတော့ရိုးစွေကခနငြိမ်သက်ကာတွေဝေသွားလေသည်။အိမ်မက်ထဲမှာသူ့အမေနဲ့သူ့မောင်နှမတွေသူ့ကိုငိုယိုပြီးရှာနေကြတယ် သူတို့ရဲ့အမှီအခိုဟာရိုးစွေဖြစ်နေတာကြောင့် သူတို့အတွက်ရိုးစွေမရှိလို့မဖြစ်နိုင်။

" စိတ်တွေရှုပ်ထွေးနေတာလား ဒီရက်တွေအတွင်းမင်းသေချာစဥ်းစားထားသင့်ပြီ မင်းဟိုကိုပြန်ကိုပြန်ရိုးစွေ မဟုတ်ရင် မင်းအချစ်တစ်ခုအတွက်နဲ့မင်းဘဝကြီးဆုံးရှုံးသွားလိမ့်မယ်။ပြန်ကိုပြန်ရမယ်!! "

    ရုတ်တရက်ကြီးအသော်စစ်ရဲ့အသံတွေကပြောင်းလဲသွားသလို ရိုးစွေအရှေ့ကလူကလဲအသော်စစ်ဟုတ်မနေတော့ဘဲ အရိပ်အမဲကြီးအဖြစ်ပြောင်းလဲကာရိုးစွေဆီပြေးဝင်လာလေသည်။

" အားးး "

" ရိုး...ရိုးစွေဘာဖြစ်လို့လဲ "

   ပိုင်ပိုင်တစ်ယောက်အိပ်နေရင်း သူ့ဘေးကရိုးစွေရဲ့အော်သံကြောင့် လန့်ပင်နိုးလာလေသည်။ရိုးစွေကတော့ကုတင်ပေါ်မှာထိုင်ကာအသံရှုသံတွေမြန်ဆန်လို့မောဟိုက်နေလေသည်။

အချစ်နေ့စွဲ ရက်၂၀ (Completed) Où les histoires vivent. Découvrez maintenant