Arc 4🗡90🗡လုရွှမ်ရဲ့ကျိန်ဆိုချက်

Start from the beginning
                                    

ရွှီချင့် တဟားဟား အော်ရယ်လိုက်သည်။ သူက ဝိညာဉ်သခင် ဖြစ်နေတော့ရော ဘာဖြစ်လဲ။ သူ့ကိုသတ်လို့ မရဘူးလေ။

ရုတ်တရက် သူ့တစ်ကိုယ်လုံး နာကျင်သွားပြီး ငုံ့ကြည့်လိုက်တော့ သူ့ရင်ဘတ်ထဲကို ဖောက်ထွက်သွားတဲ့ ဓားရှည်ကြီးကို တွေ့လိုက်ရလေသည်။ သံသယစိတ်ဖြင့် ပြန်ကြည့်သော်လည်း ကောင်းကင်နှင့်မြေကြီး ကြားရှိ လုရွှမ်၏ ရုပ်သွင်ကို မမြင်ရဘဲ ဓားရှည်တစ်ချောင်းသည် သူ့ခန္ဓာကိုယ်ကို အနောက်မှ ထိုးဖောက်သွားခဲ့သည်။

ဘာတွေဖြစ်ကုန်တာလဲ?

ကျောင်းကျန့် သူ့ကို ထိတ်လန့်စွာ စိုက်ကြည့်လိုက်သလို အောက်နားက လူတွေအားလုံးလည်း အံ့သြသွားသည်။

ရွှီချင့် မသိခဲ့တာက ကျောင်းကျန့်ရဲ့ မျက်လုံးထဲမှာ လုရွှမ်ဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး ဘယ်လိုပဲ ရှာဖွေနေပါစေ ရှာမတွေ့ဘူး ဖြစ်နေခြင်းပင်။

ရွှီချင့်ဟာ လေဟာနယ် ​​ကွက်လပ်ကို တစ်ယောက်တည်း တိုက်ခိုက်နေတာကိုသာ မြင်​နေရပြီး ရွှီချင့်တစ်ယောက် သူ့ကိုယ်သူ စကားပြောနေသလိုပင်။

နောက်ဆုံး သူ့ရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်ထားတဲ့ ဓားရှည်တစ်ချောင်းကို တွေ့လိုက်ရပြီး တစ်ဖက်လူက ရွှီချင့်ကို ကြိတ်ကြိတ်တိုး ဆင်နွှဲနေတာကို တွေ့လိုက်ရတော့သည်။

"လျှို့ဝှက်မှော်အခင်းအကျင်း ပုံစံ! သူက ရွှီချင့်ကို အစောကတည်းက အခင်းအကျင်းထဲကို ဆွဲသွင်းသွားခဲ့တာပဲ"

ကျောင်းကျန့်က သူတော်စင်တစ်ပိုင်းမို့လို့ သူ မြန်မြန်ဆန်ဆန် တုံ့ပြန်လာပြီး ထမအော်ဘဲကို မ​နေ​နိုင်ခဲ့ပေ။

သူတော်စင်တစ်ပိုင်းကို အောင်မြင်ပါက မူလစွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအား နှစ်ခုစလုံးသည် အလွန် တိုးများလာ​ကြသည်။ မူလစွမ်းအားသည် သူတော်စင်စွမ်းအား အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားကာ စိတ်ဝိညာဉ်စွမ်းအားကို မမွေးမြူထားသော်လည်း ထိုးဖောက် ဝင်ရောက်မှုများ ရှိနေဆဲဖြစ်ပြီး အနိမ့်ဆုံးမှာ ၁၈ ဖြစ်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now