Part (17)

15 0 0
                                    

"သူက ဒီချိန်ကြီးကျမှ ဘာလာလုပ်တာလဲ ? အင်္ကျီဖိုးလာတောင်းတာလား "

မှန်ပြတင်း‌မှ တဆင့် ထိုက်ဟုန်စစ်အား လှမ်းမြင်လိုက်ရသည့် စိုင်းသော်ရာက ခွန်းယံကို မေးလာသည်။
သေချာပြန်စဉ်းစားကြည့်ရင် အင်္ကျီဖိုးတောင်းဖို့ဆိုတာ လူကိုယ်တိုင်လာဖို့ မလိုပေ။
လူနာသတင်းလာမေးတယ်ဆိုဦးတော့ ဘာလို့ အခန်းထဲထိ မလာရတာလဲ?

လက်ရှိအချိန်တွင် ခွန်းယံသည်လည်း ထိုသို့ပင် တွေးမိပါ၏။
ထိုက်ဟုန်စစ်သည် နေ့လည်ကတည်းက ရောက်နေခဲ့သည် ဆိုပြီး ဘာလို့ သူ့ အမေမရှိသည့် အချိန်ကို စောင့်နေလဲ ဆိုတာကို နားမလည်နိုင်ပေ။
နောက်မှ ထိုက်ဟုန်စစ်အနေနဲ့ အခြားလူတွေရှေ့မှာ ထုတ်ဖော်လို့မရတဲ့ အခြေအနေတွေရှိတယ်ဆိုတာကို သတိရသွားသည်။

"အရေးကြီးကိစ္စဆို ငါ ဆင်းလာခဲ့ရမလား "

[ရတယ် သတိရလာပြီးရင် ဘယ်လိုနေလဲ သိချင်လို့ လာကြည့်တာ
မင်း ကို ကြည့်ရတာ အဆင်ပြေသားပဲ
ငါ အခု  ပြန်တော့မှာ]

"‌ဒါနဲ့ အဲ့နေ့ညက ငါ ဘယ်လိုလုပ်ပြီး ဆေးရုံရောက်လာတာလဲ  "

[ အဲ့ဒါက ပြောရမှာ ရှည်တယ် ငါကိုယ်တိုင်လည်း ဖြေရှင်းရမှာတွေ ရှိနေသေးလို့
မင်းဆေးရုံကဆင်းလာမှပဲ ပြောတော့မယ်]

ထိုက်ဟုန်စစ်က ဖုန်းချသွားပြီး ခွန်းယံအား တစ်ချက်ကြည့်ကာ ခုံတန်းလျားကနေထကာ အမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

စိုင်းသော်ရာက ခွန်းယံလက်ထဲက ဖုန်းကို ယူလိုက်ကာ အားပြန်သွင်းရင်း...
"အများကြီး လျှောက်တွေးမနေနဲ့ ဖျော်ဖြေပွဲအတွင်ရော စာတမ်းအတွက်ရော ပြင်ဆင်နေရတော့ စိတ်ပင်ပန်းသွားတာဖြစ်မယ် အဲ့နေ့က video တွေလည်း အခု အင်တာနက်ပေါ်မှာ မရှိတော့ဘူး"

"ဗီဒီယို ?  ဘာ ဗီဒီယိုလဲ ? "

စိုင်းသော်ရာက အောက် နှုတ်ခမ်းကို ဖိကိုက်နေရင်း ဖြေဖို့ကို အချိန်ဆွဲနေသည်။
ခုချိန်မှာ မပြောသင့်သည်ကို သူ့ ပါးစပ်ကနေ လွှတ်ခနဲထွက်သွားခြင်းပင်။

ခွန်းယံက စိုင်းသော်ရာအား လေဆာတမျှ စူးရှသည့် အကြည့်ဖြင့်ကြည့်ကာ စက္ကန့်အနည်းငယ်စောင့်သည်။

VEILS OF MINZARIUnde poveștirile trăiesc. Descoperă acum