Part (14)

12 4 0
                                    

ကန်ရဲ့ ဟိုတစ်ဖက်ခြမ်းမှာ သစ်ပင်တွေကလွဲလို့ ဘာမှ မရှိ။

တစ်ဖက်ကိုသွားလိုလျှင် ဒီဘက်ကနေသာ လှေဖြင့်ကူးရမည်ဖြစ်တာကြောင့် ထိုအမျိုးသမီးက ဒီဘက်ကို ရောက်မလာနိုင်ပေ။
သူမက ရေကန်အစပ်နားမှာ ရပ်လျက် ခွန်းယံကို ကြည့်နေဆဲ။
ထိုအကြည့် ထိုမျက်နှာက ထိုက်ဟုန်စစ်ပြတဲ့ ဓာတ်ပုံထဲက လူနာတွေနဲ့ တစ်ပုံစံတည်းဖြစ်သည်။

ခွန်းယံ ကိုယ်တိုင်ပင် မသိလိုက်ဘဲ ခြေလှမ်းအနည်းငယ် နောက်ဆုတ်မိ၏။
နောက်ဘက်တွင်တော့ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေအနားယူဖို့ ဆောက်လုပ်ထားတဲ့ ဘန်ဂလို အသေးစားတွေရှိသည်။
ဧည့်သည်အချို့က ဘန်ဂလိုတွင် လက်ဖက်ရည် ၊ အချိုပွဲတို့ကို သုံးဆောင်နေ၏။

"ခွန်းယံ..."
အသံပိုင်ရှင်က ရှင်းခန့်နောင်။
သူထွက်လာသည့် နေရာက ပွဲကျင်းပခဲ့သည့် ပင်မ ခန်းမဆောင်ပင်။

"အစ်ကို့ကို ပြန်သွားပြီထင်နေတာ "

"အေး အခု ပြန်တော့မလို့ မင်းရော မပြန်သေးဘူးလား? "

"ကျနော့် အမေကို စောင့်ရဦးမယ် "

ရှင်းခန့်နောင်က ခေါင်းညိမ့်သည်။
သူဟာ ပွဲကိုရောက်လာခါစလို ဝင့်ကြွားကာ အားမာန်ပြည့်ဝမနေတော့ပေ။
မျက်နှာ တစ်ဝက်လောက်ထိ ဖုံးနေတဲ့ နေရာမျက်မှန်ကို ဖယ်လိုက်မည်ဆိုပါက နီစွေးနေသည့် မျက်လုံးတစ်စုံနှင့် စိုစွတ်နေသည့် မျက်တောင်စတွေကို တွေ့ရလိမ့်မည်။

"အဲ့ဒါဆိုလည်း စောစောပြန်နော် ဒီဘက်က မှောင်ရင် ကားမောင်းရတာ အဆင်မပြေဘူး"

"ဟုတ် အစ်ကိုလည်း ဂရုစိုက်ပြီးပြန်ပါ "

ရှင်းခန့်နောင်ကို နှုတ်ဆက်ပြီး ခွန်ယံ ကန်တစ်ဖက်ခြမ်းကို ပြန်လှည့်ကြည့်သည်။
ကမ်းစပ်မှာ ရပ်နေသည့် မိန်းမက မရှိတော့ပေ။

အမြင်မှားတာများလား ?

ခွန်းယံ ဇဝေဇဝါဖြစ်နေခဲ့သည်။
---------------

ဧည့်သည့် တော်တော်များများက နေစောင်းတော့မှ  ပြန်ကြသည်။
သတို့သား သတို့သမီးနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေတွေက pool party အတွက် ကျန်နေခဲ့ကြ၏။

VEILS OF MINZARIWhere stories live. Discover now