Part (10)

20 5 0
                                    

ခွန်းယံရဲ့ အသိစိတ်သည် ပြင်းထန်တဲ့ လှိုင်းလုံးတွေကြားမှာ ပဲ့ထွက်သွားတဲ့ ကမ်းပါးက ကျောက်မှုန် အပိုင်းအစလေး တစ်ခုလိုပင်။
အတိုင်းအဆမသိ နက်ရှိင်းသည့် နေရာ တစ်နေရာသို့ ရောက်ရှိသွားပြီး အာရုံငါးပါးလုံးရဲ့ ခံစားချက်ဟာ ရပ်တန့်သွားတော့သည်။
ဗလာသက်သက် ခံစားချက်က သူ့စိတ်အား ပေါ့ပါးသွားစေသည်။
ဒီတိုင်းသာ ဆက်ရှိနေမယ်ဆိုရင် အချိန်တိုအတွင်းမှာပဲ အိပ်မောကျသွားတော့မယ်လို့ခွန်းယံတွေးမိသည်။

သူ့ရဲ့ အတွေးတွေက ပျံ့လွင့်နေရာမှ တဖြည်းဖြည်း တည်ငြိမ်လာသည်။
အသိစိတ်တွေ ပြတ်တောက်သွားတော့မယ်လို့ ခွန်းယံတွေးမိနေစဉ် ရင်ဘက် ဝဲဘက်က တဒိတ်ဒိတ်ခုန်နေသည့် နှလုံးခုန်သံကို ခံစားမိလိုက်သည်။

ပူနွေးသည့် သွေးတို့က သူ့ ခန္ဓာကိုယ်ရှိ သွေးကြောတွေ တစ်လျှောက် စီးဆင်းသွားသည်ကိုလည်း အသေအချာ သိနေရသည်။
ယှက်ထွေးနေသည့် ပိုးမျှင်အိမ်လိုမျိုး ထိုသွေးကြောတွေက သူ့ကို ရစ်ပတ်ထွေးသွားပြီး သူ့ရဲ့ အာရုံတွေကို ပြန်လည် နိုးကြားသွားစေသည်။

အိပ်မက်ရှည်တစ်ခုကို မက်ခဲ့သလိုမျိုး ခွန်းယံ နိုးထလာသည်။
အပြင်မှာ မိုး လုံးဝချုပ်နေပြီ။
သူ အိပ်ပျော်သွားတာ မထင်မှတ်ဘဲ  ၃ နာရီနီးပါးလောက် ကြာမြင့်ခဲ့သည်။

အကတိုက်ပြီး ပြန်လာတုန်းက ဝတ်ခဲ့သည့် အဝတ်အစားနဲ့ပဲ ကုတင်ပေါ်မှာ အိပ်ပျော်နေခဲ့သည်။

သူဂာ ပုံမှန်ဆို ဘယ်တော့မှ ချွေးစိုနေတဲ့ အဝတ်အစားနဲ့ ကုတင်ပေါ်တက်လိမ့်မည် မဟုတ်။

အဲ့တော့မှပဲ ဝရန်တာမှာ တွေ့လိုက်သည့် နောက်ကျောခိုင်းထားသည့် လူတစ်ယောက်ကို တွေ့ပြီး သူ့ရဲ့ အသိစိတ်တွေ ပျံ့လွင့်သွားတာကို ပြန်မှတ်မိတော့သည်။

ဝရန်တာကို ထွက်ကြည့်တော့ သက်ရှိနဲ့ တူတဲ့ အရိပ်အယောင် တစ်ခုမှ မရှိချေ။

နာရီအချို့ ကြာသွားပြီဖြစ်တာကြောင့် ထွက်ပြေးမယ့်သူက ‌အိပ်ဆောင်နဲ့ အဝေးဆုံးကို ရောက်သွားလောက်ပြီ။

အခန်းထဲက သူ့ပစ္စည်းတွေကို စစ်ဆေးကြည့်တော့လည်း ပျောက်ရှတာ မရှိ။
ထိုက်ဟုန်စစ်ရဲ့ ပစ္စည်းတွေပျောက်သွားလားဆိုတာတော့ မပြောတတ်ပေ။

VEILS OF MINZARIWhere stories live. Discover now