Part (13)

15 2 0
                                    

စိုင်းသော်ရာ ပြောသလို ကော်ဖီက အိပ်ချင်ပြေတယ်ဆိုတာ ဖြစ်နိုင်သည်။
ဆိုင်ကနေ ထွက်လာတော့ ခွန်းယံရဲ့ ထိုင်းမှိုင်းနေသည့် ခံစားချက်တို့ အနည်းငယ် လျှော့ပါးသွားသည်။

သူ စိုင်းသော်ရာကို Bus ကားဂိတ်အထိ လိုက်ပို့ပြီး ဆိုင်ရှေ့ကနေ ပြန်ဖြတ်လာတော့ ကောင်တာမှာ ရပ်နေတဲ့ ထိုက်ဟုန်စစ်က ခုဏက အတွေးလွန်နေသည့် ပုံစံအတိုင်းရှိနေဆဲပင်။

ဆိုင်ထဲကို တစ်ဖန် ပြန်ရောက်လာတဲ့ ခွန်းယံကို ထိုက်ဟုန်စစ်က ‌စူးစမ်းသလို ကြည့်‌ရင်း...
"ဘာမေ့ကျန်ခဲ့လို့လဲ ? "

"ဟင့်အင်း ဘာမှ မကျန်ခဲ့ပါဘူး "
ခွန်းယံသည် ကောင်တာပေါ်ရှိ နေရာအနှံ့ကို ဖြန့်ကျက်ကြည့်လေသည်။

ထိုက်ဟုန်စစ်ရဲ့ အင်္ကျီရင်ဘတ်ရှိ အိတ်ကတ်ထဲက ကတ်ပြားပုံစံ ခပ်မာမာ ပုံသဏ္ဍာန်တွင် ခွန်းယံရဲ့ အကြည့်က ရပ်တန့်သွားသည်။

"အင်္ကျီ အိတ်ကပ်ထဲက ဓာတ်ပုံ...
ငါ့ကို ပြလို့ရလား ? "

ထိုက်ဟုန်စစ်က အနည်းငယ် တွေဝေနေကာ...
ဓာတ်ပုံကိုထုတ်‌၍ ခွန်းယံ ရှေ့တွင် ချလိုက်သည်။

"အစကတည်းက မင်းကို ပြမလို့ပါပဲ "

ဓာတ်ပုံထဲတွင်တော့ Laurel ဆေးရုံဝတ်စုံနဲ့ လူတစ်စု...
ဒီမြင်ကွင်းက ခွန်းယံအတွက် မစိမ်းပေ။
သူကိုယ်တိုင်လည်း လ အတန်ကြာအောင် ထို ဆေးရုံက လူနာဝတ်စုံကို ဝတ်ခဲ့ဖူတာကြောင့်ပင်။

ထိုက်ဟုန်စစ်က ဓာတ်ပုံထဲက မိန်းမတစ်ယောက် ပုံကို ထောက်ပြရင်း...
"ညက မင်းတွေ့လိုက်တာ ဒီ အမျိုးသမီးလား ? "

ခွန်းယံမှာ ထိုတော့မှ ပုံထဲက မထင်မရှား အမျိုးသမီးရဲ့ မျက်နှာကို သေချာ ကြည့်မိတော့သည်။
ရုပ်ပုံက ကြည်ပြတ်သားမှု မရှိသော်ငြား သူမရဲ့ မျက်နှာကို ခွန်းယံ မှတ်မိသည်။
မနေ့ညက မြင်ခဲ့သလို သွေးမရှိတဲ့ အတိုင်း ဖြူစုတ်မနေတာကလွဲရင် သေချာပေါက် ထို အမျိုးသမီးပင်။
"အင်း... သူက တကယ့် လူအစစ်ပဲ..."
ခွန်းယံက မိမိတစ်ကိုယ်သာ ကြားရုံမျှ ခပ်တိုးတိုး ရေရွတ်သည်။

ထိုက်ဟုန်စစ် ရယ်ချင်သွားသည်။
ဒီခေါင်းမာတဲ့ လူကောင်လေးက ညက မြင်ခဲ့တာကို သရဲခြောက်ခံရတယ်လို့ ယုံကြည်နေပုံရသည်။

VEILS OF MINZARITempat cerita menjadi hidup. Temukan sekarang