14

6.1K 724 34
                                    

" အစ်ကို​လေး ... ​အောက်ထပ်မှာ ဧည့်သည်​ရောက်​​နေတယ်။ "

​ကျောင်းမှ ပြန်​ရောက်ပြီးပြီးချင်း ​ရှောင်းကျန့် အဝတ်အစား လဲပြီးခါစမှာ ယွဲ့အာက လာ​ပြော၏။ဒီ​နေ့ ရိ​ပေါ်ကလည်း အလုပ်မှ ​စောပြန်လာခဲ့ပြီမို့ နှစ်​ယောက်အတူ အပြင် အလည်အပတ် သွားရန်ဖြစ်၏။​ရှောင်းကျန့်က ယွဲ့အာကို လှည့်ကြည့်ပြီး ​မေးလိုက်၏။

" အစ်ကို  ဧည့်သည်လား။ "

" ဟုတ်တယ် အစ်ကို​လေး ... အ​ရေးကြီးလို့တဲ့။ "

​ရှောင်းကျန့် ခဏစဥ်စားလိုက်၏။ ​ကျောင်းကိစ္စအတွက် ဧည့်သည် လာစရာမရှိ​ပေ။ ဖြစ်ချင်းဖြစ် မိန်​​​မေ့တို့ သားမိနှစ်​ယောက်ထဲက တစ်​ယောက်သာ ဖြစ်နိုင်၏။အ​တွေးများ​နေ​​သော ​ရှောင်းကျန့်ကို ကြည့်ကာ ယွဲ့အာ ​ပြောလိုက်၏။

" ခပ်ပြည့်ပြည့်နဲ့ အန်တီကြီးတစ်​ယောက်ပဲ အစ်ကို​လေး ... တွေ့ဖို့ အဆင်မ​ပြေရင် အစ်ကို​လေး အနားယူ​နေတယ်လို့ ယွဲ့အာ ​ပြောလိုက်မယ်​လေ။ "

ဒီ​လောက်ဆိုရင်ပဲ ​ရှောင်းကျန့် သ​ဘော​​ပေါက်၏။ ​​ဒေါ်​လေး ​ရောက်​နေတာ ဖြစ်၏။ ​ရှောင်းကျန့်က  အဝတ်အ​ပေ​တွေ ခြင်းထဲ အရင် ​ကောက်ထည့်လိုက်သည်။ အပြင်ထွက်သွားဖို့ ပြင်​တော့ ဝမ်ရိ​​ပေါ်က ​ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။​​​ခြေ၊လက် ​​ဆေးလာပုံပင်။

" ကျန့်​ကော နားချင်နား​လေ။ ကျွန်​တော် သွား​တွေ့လိုက်မယ်။ "

" ရတယ် ရိ​ပေါ် ... ​ဒေါ်​လေး ​နေမှာ ... ​ကောဘာသာသွား​တွေ့လိုက်မယ်။"

​ရှောင်းကျန့် ထွက်သွား​​​တော့ ရိ​ပေါ်က အ​​နောက်မှ လိုက်လာ၏။ ​ရှောင်းကျန့် မှန်းထားသည့်အတိုင်း ကွက်တိပင်။​ရှောင်းကျန့် မျက်နှာမှာ စိတ်ပျက်မှု​တွေ အထင်းသားဖြင့် ​ဒေါ်​လေးနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်၏။
" ဘာကိစ္စရှိလို့လဲ ​ဒေါ်​လေး။ "

အ​ဒေါ်ဖြစ်သူ၏ မျက်နှာထားမှာ တင်းမာသွား​သော်ငြား ​ရှောင်းကျန့် ​ဘေးသို့ ဝမ်ရိ​ပေါ် ​ရောက်လာပြီး ကပ်ထိုင်လိုက်သည့်အခါ ခြိမ်း​ခြောက်မှုတစ်ခုကို ခံစားရသည့်နှယ် ချက်ချင်းပြုံးသွား၏။

THE  ROSE ( Completed )Where stories live. Discover now