27

7.3K 733 48
                                    

Limitedဖြစ်​သော ကား​လေးက လမ်းမကျယ်ကြီးမှတစ်ဆင့် One Wayလမ်းသို့ ဦးတည်လာသည်။ ကားတစ်ခုလုံးမှာ တိတ်ဆိတ်​နေကာ ချိုမြမြ​လေထုကို ခံစားလို့ရသည်။ကားအ​နောက်ခန်းမှာ ထိုင်​နေသည့် ဝမ်ရိ​ပေါ်မှာ ကားကို မြန်မြန်​မောင်းဖို့ အမိန့်မ​ပေး​သည်မို့ ယွမ်မင်က ပုံမှန်အရှိန်​လောက်ဖြင့်သာ ​မောင်းလိုက်၏။

" ငါတစ်ခုခု ဝယ်သွားသင့်တယ် ထင်တယ်။ ဘာဝယ်သွားရမလဲ မသိဘူး။ ကျန့်​ကောကို ​ပေးချင်တာ​တွေ အရမ်းများ​နေ​​တော့ စဥ်းစားမထွက်​တော့ဘူး။ "

ကားမှန်ကို ချထားကာ ရိ​​ပေါ်က တံ​​တောင်တစ်ဖက် တင်ထားရင်း စဥ်းစား​နေ၏။ အ​​တွေးနက်​နေ​သော်ငြား မျက်နှာမှာ​တော့ ပြုံးရိပ်သန်း​နေ၏။

" ငါစဥ်းစားလို့ရပြီ။ ကားပြန်​ကွေ့လိုက်။ အရင်ဆုံး ပန်းဆိုင်သွားရမယ်။ နှင်းဆီအနီ​​လေး​တွေက ငါ့အကြိုက်​ပေမယ့် ကျန့်​ကောလို အ​ရောင်ကင်းတဲ့သူအတွက် ဖြူစင်တဲ့အဓိပ္ပါယ် အဖြူ​​လေး​တွေ ဝယ်သွားရမယ်။ "

" ​ကောင်းပါပြီ ဆရာ "

ယွမ်မင်က ရိ​ပေါ်က ​နောက်ကြည့်မှန်မှ တဆင့်ကြည့်ပြီး ကိုယ်တိုင်ပါ လိုက်ပြုံးလိုက်​၏။ နှစ်​ပေါင်းများစွာ အားထုတ်လာခဲ့ရသည့် အလုပ်ကိစ္စက ပြီး​မြောက်သွားပြီမို့ ရိ​ပေါ်တင်သာမက ကိုယ်တိုင်ပါ ​ပေါ့ပါးသွားသလို ခံစားရသည်။ အနည်းငယ် ကျန်သည့်ကိစ္စများက​တော့ ဥပ​ဒေ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်သွားဖို့သာ ရှိ​တော့၏။

" သူ အရမ်း​ပျော်​နေမယ် ထင်တယ်။ဒါမှမဟုတ် နည်းနည်း​လောက် စိတ်ဆိုး​နေမလား။ "

ရိ​ပေါ်က ​တွေးဆဆဖြင့် ​ပြောလိုက်​တော့ ယွမ်မင်က ရယ်လိုက်ရင်း ဖြစ်နိုင်​​ချေရှိတာကို ​ပြောလိုက်၏။

" စိတ်ဆိုးမယ်ဆိုရင်​တောင် ဆရာပြန်လာတာနဲ့ ယှဥ်ရင် ဝမ်းသာ​​ပျော်ရွှင်တာက ပိုမယ်ထင်တယ်။အစ်ကို​လေးက ဆရာ့ကို အရမ်းချစ်တဲ့ဟာ။ "

" အင်း "

ရိ​ပေါ်က ကိုယ့်ကိုယ်ကိုယ် ပြန်​ပြော​နေသလို ခပ်တိုးတိုး ​ရေရွတ်လိုက်၏။

THE  ROSE ( Completed )Where stories live. Discover now