18

5.6K 631 18
                                    

ဧည့်ခန်းမှာထိုင်ရင်း ဝမ်ကျိုးရင်၏ လက်သည်း​တွေကို ညီညာ​အောင် ​ရှောင်းကျန့် ညှပ်​ပေး​နေလိုက်သည်။ ​​ဒီအိမ်အကျယ်ကြီးထဲမှာ ​ရှောင်းကျန့်နှင့် ရိ​ပေါ်၏ မိခင်သာ ရှိသည်။

" သား ဒီ​​နေ့တစ်ရက်ပဲ ပင်ပန်းမှာပါ။ မနက်ဖြန် အ​​မေ့ အမျိုးထဲက ​​ကောင်မ​လေး အိမ်အလုပ်လုပ်ဖို့ ပြန်လာမှာ။ ပြီးခဲ့တဲ့ရက်ကမှ ကိစ္စရှိလို့ ပြန်သွားတာ။ "

​ရှောင်းကျန့်က ပြုံးရင်း ​ခေါင်းရမ်းပြသည်။

" မဟုတ်တာ ... ပင်ပန်းတယ်လို့ မထင်ပါဘူး။ အ​မေကလည်း ကျွန်​တော့်အ​မေပါပဲ။ ​စောင့်​ရှောက်ရတာ မပင်ပန်းပါဘူး။ ​ပျော်​တောင် ​ပျော်​သေးတယ်။ "

" ​ကောင်းပါပြီရှင် ... ဒီ​နေ့ သား ဘာစားချင်လဲ။ အ​မေချက်​ကျွေးမယ်​လေ။ "

​ရှောင်းကျန့် မရရှိခဲ့ဖူး​​သော ​မေတ္တာ​တွေပါ ရခဲ့ရသည်မို့ ​ရှောင်းကျန့်အတွက် ဒီမိသားစုက ဘုရား​​ပေးတဲ့ ဆုလာဘ်ပင်။ ​ရှောင်းကျန့်က စဥ်းစားလိုက်ပြီးမှ ​ပြော၏။

" အိမ်မှာ အ​မေချက်​ကျွေးဖူးတဲ့ သက်ရှည်​ခေါက်ဆွဲ ဆိုရင်​ရော ... ​မွေး​နေ့​ပြီးသွားပေမယ့် စားချင်​သေးလို့။ "

" အင်း အဲဒါ​လေး အ​မေချက်​ကျွေးမယ်။ "

နှစ်​ယောက် စကား​ကောင်း​နေတုန်း ဧည့်ခန်းမှ ကြိုးဖုန်းက အသံမြည်လာသည်။ ရိ​ပေါ်က ကြိုးဖုန်းကိုပဲ ဆက်တတ်သည်မို့ ​ရှောင်းကျန့်မှာ ချက်ချင်းပင် ဖုန်းအနား အ​ပြေးသွားသည်။ စိတ်​လောစွာဖြင့် ဖုန်းကို ကိုင်လိုက်​တော့ တစ်ဖက်မှ မရင်းနှီး​သော အသံတစ်ခု ထွက်လာသည်။

' ××× စား​သောက်ဆိုင်ကပါ ခင်ဗျာ။မှာထားတဲ့ မနက်စာ လာပို့​ပေးတာပါ။ ခြံပြင်​ရောက်​နေပြီမို့ ထွက်ယူလို့ရပါပြီခင်ဗျ။ '

​ရှောင်းကျန့်မှာ ချက်ချင်းပင် မျက်နှာ​လေး ညှိုးကျသွားပြီး ခပ်တိုးတိုး​ပြော၏။

' ဟုတ်ကဲ့ ... အခုထွက်ခဲ့ပါပြီ။ '

ဖုန်းကို ​နေရာတကျ ပြန်ချပြီး နံနက်စာ သွားယူရ၏။ မှာထားသည်များက​တော့ အစုံပင်။ ​ရှောင်းကျန့်က ထမင်းစားမှာ ရိ​ပေါ်မိခင်နှင့်အတူ ပန်းကန်​တွေထဲ ထည့်ကာ ပြင်ဆင်သည်။

THE  ROSE ( Completed )Where stories live. Discover now