" အဲဒါ ဘယ်လဲ ယွဲ့အာ "
ရှောင်းကျန့် ကျောင်းမှာ မနက်ပိုင်း အချိန်ပြီးသည်နှင့် အိမ်ပြန်လာခဲ့၏။ ဒီနေ့အတွက် အတန်းချိန်တွေ ရှိသေးသော်ငြား နုံးခွေနေသလို ခံစားရသည်မို့ ချက်ချင်း ပြန်လာခဲ့တာဖြစ်၏။ ရှောင်းကျန့်က မေးလိုက်တော့ ယွဲ့အာက ရေနွေးဇလုံကို လက်မှ မ, ထားရင်းမှ ဖြေ၏။
" အစ်ကိုလေး Leoအတွက် ... "
" Leoလား ... သူ ဘာဖြစ်လို့လဲ။ "
ရှောင်းကျန့်က ယွဲ့အာ လက်ထဲမှ ရေနွေးဇလုံကို လက်လွှဲယူကာ မေးပြန်တော့ ဖြေရ၏။
" လက်ကဒဏ်ရာကို ဆေးမလို့တဲ့။ "
" သြော် ... မင်းနဲ့သူက အရင်ကတည်းက အရမ်းရင်းနှီးတာလား။ "
ယွဲ့အာက ဖြေရခက်နေကာ မျက်လုံးတွေမှာ ဝေ့လည်ကြောင်ပတ် လုပ်နေရင်းမှ ခပ်တိုးတိုးဖြေရင်း ခေါင်းငြိမ့်ပြ၏။
" ဟုတ်ကဲ့ အစ်ကိုလေး။ ယွဲ့အာ လုပ်စရာရှိသေးလို့ သွားလိုက်ပါဦးမယ်။ "
ယွဲ့အာ၏ လမ်းကြောင်းကို ရှောင်းကျန့်က ခြေတစ်လှမ်းတည်းဖြင့် ပိတ်လိုက်၏။
" မင်းတို့ပြောတော့ သူက ဒီကို သုံးလေးခေါက်ပဲ ရောက်ဖူးတယ်ဆို ... အဲလောက်လေးနဲ့ ရင်းနှီးသွားတယ်ပေါ့။ "
ယွဲ့အာ၏ အမူအယာကိုသာ အကဲခတ်ကြည့်နေသော ရှောင်းကျန့်ကို ယွဲ့အာကလည်း ပြန်ကြည့်လိုကိရင်း တည်တည်ငြိမ်ငြိမ်ဖြစ်၏။
" သခင်လေးLeo ရောက်လာတိုင်း တစ်လကနေ သုံးလအထိ အချိန်ကြာကြာနေတာမို့ ရင်းနှီးနေတာပါ အစ်ကိုလေး။ "
ရှောင်းကျန့်က ယွဲ့အာကို အကြာကြီး စိုက်ကြည့်နေပြီးမှ ခေါင်းငြိမ့်၏။
" ငါ သွားပေးလိုက်မယ်။ ဒီရေနွေးဇလုံ ထားခဲ့တော့။ "
" ဟုတ် အစ်ကိုလေး "
ယွဲ့အာ လှည့်ထွက်လာလိုက်ပြီး အခန်းဘက် ထောင့်စွန်းကျော်ခါမှ ခြေထောက်တွေ ပျော့ခွေသွား၏။ ရိပေါ် သင်ထားသည့် အတိုင်း ကြိမ်ဖန်များစွာ လေ့ကျင့်ထားလို့သာ မဟုတ်ရင် အလိမ်ပေါ်နိုင်၏။
![](https://img.wattpad.com/cover/331888957-288-k654673.jpg)