33

45 1 0
                                    

👰🏼 အနောက်တိုင်းမင်္ဂလာဆောင်တွေမှာ သတို့သမီးတွေ ဝတ်လေ့ရှိကြတဲ့ ခေါင်းဆောင်းပဝါအပါးလေးကို
အင်္ဂလိပ်လို veil (ဗေးလ်) လို့ ​ခေါ်ပါတယ်။

👿 သတို့သမီးကို နတ်ဆိုးတွေ နဲ့ ကံဆိုးမှုတွေကနေ အကာအကွယ်ပေးဖို့ဆိုတဲ့ အယူရှိကြသလို
ခရစ်ယာန်ဘာသာမှာ လက်မထပ်ခင် အတူမနေရတဲ့အတွက် အပျိုစင်သတို့သမီးရဲ့ အပျိုမြှေး (hymen) ကို ကိုယ်စားပြုတယ်လို့လည်း ဆိုကြပါတယ်။

🧕🏻 ဒါ့အပြင် ခရစ်ယာန်သီလရှင်တွေ ဝတ်ကြရတဲ့
ဦးခေါင်းခြုံထည်ကိုလည်း veil လို့ပဲ ​ခေါ်ပါတယ်။
ခရစ်ယာန်ဘာသာမှာ သီလရှင်တွေဆိုတာ ယေရှုခရစ်တော်ရဲ့ သတို့သမီးတွေလို့ မှတ်ယူကြလို့ ဖြစ်ပါတယ်။

⛪ ဒါကြောင့် take the veil ဆိုရင် "ခရစ်ယာန်သီလရှင်ဝတ်သည်" လို့ အဓိပ္ပာယ်ရပါတယ်။

👀 တစ်ခါ တစ်ခုခုကို မမြင်ရအောင် ဖုံးကွယ်ထားတဲ့ အလွှာပါးမှန်သမျှကိုပါ veil လို့ ခေါ်လာကြပါတယ်။

🌁 The bridge is hidden beneath a veil of mist.
တံတားကို မြူလွှာဆိုင်းက ဖုံးကွယ်ထားတယ်။

🤫 ဒါ့အပြင် ကိစ္စတစ်ခုခုကို မသိရလေအောင် ဖုံးကွယ်ထားတဲ့အရာတွေကိုလည်း veil လို့ပဲ တင်စားခေါ်ဝေါ်ကြပါတယ်။

☢️ The Manhattan Project was carried out behind a veil of secrecy.
အမေရိကန်တွေရဲ့ ပထမဆုံးအဏုမြူဗုံးစမ်းသပ်မှုတွေကို သတင်းအမှောင်ချပြီး သိုသိုသိပ်သိပ် လုပ်ဆောင်ခဲ့ပါတယ်။

🫣 veil ကို ကြိယာအနေနဲ့ သုံးရင် "မျက်နှာကို ပဝါနဲ့ကာသည်"/ "တစ်ခုခုကို တစ်ခုခုနဲ့ ဖုံးအုပ်သည်" လို့
အဓိပ္ပာယ်ရပါတယ်။

🌥 The sun was veiled by clouds.
နေကို တိမ်တွေက ဖုံးထားတယ်။

↔ veil ရဲ့ ဆန့်ကျင်ဘက်ကြိယာအနေနဲ့
unveil နဲ့ reveal ဆိုပြီး နှစ်မျိုးရှိပါတယ်။

🎉 unveil ကို ရုပ်တု၊ အဆောက်အအုံ၊ ​မော်ကွန်း၊ စာတန်း စတာတွေကို အခမ်းအနားနဲ့ ဖွင့်လှစ်တာ၊
ကုန်ပစ္စည်းအသစ်တစ်ခုခု၊ အစီအစဉ်တစ်ခုခုကို
လူအများရှေ့မှောက်မှာ မိတ်ဆက်တင်ပြတာတွေ
အတွက် သုံးပါတယ်။

📱 Apple unveils a new iPhone every year.
Apple က နှစ်တိုင်း iPhone အသစ်တစ်မျိုးကို
မိတ်ဆက်လေ့ရှိတယ်။

🕵🏼‍♂ reveal ကိုတော့ သတင်းအချက်အလက်တွေနဲ့
ပုန်းနေ၊ ဖုံးနေတဲ့အရာတွေ ပေါ်တာ၊ ဖော်တာတွေနဲ့
စပ်လျဉ်းပြီး သုံးတတ်ပါတယ်။

reveal a secret = လျှို့ဝှက်ချက်ကို ဖော်ထုတ်သည်။
reveal the details = အသေးစိတ် ထုတ်ပြောသည်။
reveal the darkside = အမှောင်ခြမ်းကို ထုတ်ပြသည်။

👙 ဒါကြောင့် ပုံမှန်ထက် ပိုဖော်ထားတဲ့ အဝတ်အစားတွေအတွက် revealing ဆိုတဲ့ Adj ကို သုံးလို့ရပါတယ်။

a ​revealing skirt = တိုလွန်း၊ ဖော်လွန်းသည့် စကတ်။

With love,
YKL
28 Jan, 2023

With love,YKL28 Jan, 2023

Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch.
Let's learn English Wo Geschichten leben. Entdecke jetzt