24

25 1 0
                                    

🐅 အသားစားသတ္တဝါကို carnivore လို့ ခေါ်ပါတယ်။

🥩 carn- ဆိုဟာ "အသား" လို့ အဓိပ္ပာယ်ရပါတယ်။

🌺 ဒါကြောင့် ပန်းချီဆွဲရင် လူ့အသားရောင်အတွက် သုံးတဲ့ ပန်းရောင်၊ နှင်းဆီပန်းနုရောင် နဲ့ အဲ့လိုအရောင်ရှိတဲ့
ဇော်မွှားပန်းတွေကို အင်္ဂလိပ်လို carnation လို့ ခေါ်ပါတယ်။

👶 တစ်ခါ "အသွေးအသားနဲ့ ဖြစ်တည်တဲ့ ဘဝ"
ဆိုတာကို incarnation လို့ သုံးလို့ရပါတယ်။
(in = အဖြစ်; carn = အသား)

🧘 Prince Vessantara was the Buddha's last incarnation before he was reborn as Prince Siddhattha and attained enlightenment.
ဝေဿန္တရာမင်းသားဟာ သိဒ္ဓထ မင်းသားအနေနဲ့ ပြန်လည်ဖွားမြင်ပြီး သဗ္ဗညုတရွှေဉာဏ်မရခင်
ဗုဒ္ဓရဲ့ နောက်ဆုံးလူဝင်စားတဲ့ဘဝ ဖြစ်ပါတယ်။

✅ incarnate ဆိုရင်တော့ verb ဖြစ်သွားပါပြီ။

🔱 The god Vishnu was incarnated on Earth as a king.
ဗိဿနိုးနတ်ဘုရားကို ကမ္ဘာပေါ်မှာ ဘုရင်တစ်ပါးအဖြစ် ပြန်လည်မွေးဖွားလာခဲ့တယ်။

✅ ဒီ incarnate ဆိုတာကိုပဲ adjective လိုလည်း
သုံးလို့ရပါသေးတယ်။

❗ဒါပေမဲ့ တစ်ခုသတိထားရမှာ ပုံမှန်အားဖြင့်
adjective တွေကို noun ရဲ့ရှေ့မှာ ထားရပေမဲ့
ဒီ incarnate ဆိုတာကိုတော့ noun ရဲ့နောက်မှာ
ထားရပါတယ်။

👰 She is the beauty incarnate.
သူမဟာ အလှတရား လူဝင်စားသလိုပဲ။
(ပကတိ အလှတရားဖြစ်တယ်။)

🤰 reincarnate ဆိုရင်တော့ re- ပါတဲ့အလျောက်
"ပြန်ဝင်စားတယ်" ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

🐕 Some believe humans are reincarnated as animals.

လူသားတွေဟာ တိရစ္ဆာန်တွေအဖြစ် ပြန်ဝင်စားကြတယ်လို့ အချို့က ယုံကြည်ကြတယ်။

✅ noun ကတော့ reincarnation ဖြစ်ပါတယ်။

🤰 Do you believe in reincarnation?
လူဝင်စား ဆိုတာကို ယုံလား။

🪖 carnage ဆိုရင်တော့ သွေးသံတရဲရဲ "လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။

💏 တစ်ခါ မြန်မာမှာ "သွေးသားဆန္ဒ" ဆိုတာကို
"လိင်စိတ်ဆန္ဒ" ဆိုတာအတွက် အယဉ်သုံး သုံးကြပါတယ်။

ဒါကြောင့် carnal desire ဆိုရင် "သွေးသားဆန္ဒ"၊

carnal knowledge ဆိုရင် ဥပဒေရေးရာကိစ္စတွေမှာ
"ကာမစပ်ယှက်ခြင်း၊ သံဝါသပြုခြင်း" လို့ အနက်ရပါတယ်။

🎪 ပွဲစျေးလို ပျော်ပွဲရွှင်ပွဲကို carnival လို့ ခေါ်ပါတယ်။
carni- ဆိုတာ "အသား"၊
-val ဆိုတာ "နှုတ်ဆက်ခွဲခွာ​ခြင်း" ကိုပြောတာပါ။
ရိုမန်ကက်သလစ်ဘာသာဝင်တွေရဲ့ အသားရှောင်တဲ့
ရက် ၄၀ ဥပုသ်စောင့်ခြင်း မစမီ ပျော်ပွဲရွှင်ပွဲတွေလုပ်၊
လမ်းတွေပေါ်မှာ ကခုန်၊ အသားတွေ အဝစား၊
အဝပျော်ကြတဲ့ ဓလေ့က ဆင်းသက်လာတဲ့အတွက်
carnival လို့ ခေါ်ကြခြင်း ဖြစ်ပါတယ်။

🥩 carn- နဲ့ ဆိုင်တဲ့ စကားလုံးလေးတွေ ပြန်စုပေးပါမယ်။
carnivore = အသားစား တိရစ္ဆာန်။
carnation = နှင်းဆီနုရောင် ၊ ဇော်မွှားပန်း။
incarnate = လူအဖြစ်မွေးဖွားသည်။ ပကတိဖြစ်သော။
incarnation = ဘဝ။
reincarnate = ပြန်လည်မွေးဖွားသည်။
reincarnation = ပြန်လည်ဝင်စားခြင်း။
carnage = လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း။
carnal = သွေးသားဆန္ဒနှင့်ဆိုင်သော။
carnival = ပျော်ပွှဲရွှင်ပွဲ။

With love,
YKL
2 Dec 2022

Let's learn English Where stories live. Discover now