9

48 3 0
                                    

အချို့ အင်္ဂလိပ်စကားလုံးတွေက တကယ်တော့ လွယ်လွယ်လေးရယ်...

1️⃣ "ထိလွယ်ရှလွယ် sensitive ဖြစ်တတ်တယ်" ဆိုတာ
"ထိတယ်" ဆိုတဲ့ touch ကို -y ပေါင်းလိုက်ရင် ရပြီ။

👨‍🏫 touchy = အထိမခံသော၊ အမှားမခံသော

👥 He is very touchy about his height.
သူက သူ့အရပ်အ​မောင်းနဲ့ ပတ်သက်လာရင် အပြောမခံဘူး။

2️⃣ "ချေးများသော၊ ဇီဇာကြောင်သော" ဆိုတာဟာလည်း တကယ်တော့ ဟိုရွေးဒီရွေးလုပ်နေတာပဲမလား..
အဲ့တာကြောင့် "ရွေးချယ်သည်၊ ကောက်ယူသည်" ဆိုတဲ့ pick ကို -y ပေါင်းပြီး picky ရယ်လို့ ဖြစ်လာပါတယ်။

👨‍🏫 picky = ချေးများသော၊ ဇီဇာကြောင်သော

🙅‍♂️ He is a picky eater.
သူက အစားအသောက် ချေးများတယ်။

👚 She is very picky about her clothes.
သူမက အဝတ်အစားနဲ့ပတ်သက်လာရင် အရမ်းဇီဇာကြောင်တယ်။

3️⃣ နောက်ဆုံးအနေနဲ့ "ချူချာတယ်" ဆိုတာဟာလည်း
တကယ်တော့ ခဏခဏဖျားတာပဲမလား..
ဒါကြောင့် "ဖျားတယ်" ဆိုတဲ့ sick ကို -ly ပေါင်းပြီး
sickly ရယ်လို့ ဖြစ်လာပါတယ်။
(ဒီတစ်ခါ -y မဟုတ်တော့ဘူးနော်။ -ly ဖြစ်သွားပြီ။)

👨‍🏫 sickly = ချူချာသော

🤒 He was a sickly child.
သူ ငယ်ငယ်က ချူချာတယ်။

Crd

Let's learn English Where stories live. Discover now