32

51 4 0
                                    

သီချင်းတစ်ပုဒ်ကို ခနခနကြားရတာဖြစ်ဖြစ်၊ ဆိုလို့ကောင်းလို့ နားထဲမှာဆွဲပြီး ခနခနစိတ်ထဲကနေ ကြားနေရတာမျိုး ဖြစ်ဖူးကြတယ်မဟုတ်လား။

ကျွန်တော်ကတော့ မနေ့က မနက်ကတည်းက ဒီနေ့အထိ "ငိုမနေပါရစေနဲ့" ဆိုတဲ့ သီချင်းပဲ Newsfeed မှာ တွေ့နေရလို့ စိတ်ထဲကနေ အဲ့သီချင်းပဲ ကြားနေမိတာပါ 🥹

အဲ့လို ဖြစ်တာမျိုးကို English လို 🐛 earworm ဆိုတဲ့ word လေးနဲ့ သုံးပြီး ပြောလို့ရပါတယ်။

ဒီလိုလေးတွေလည်း အတွဲလိုက်မှတ်ထားလို့ရပါတယ်။
⭐ have an earworm
⭐ sth is a earworm

Cambridge Dictionary ရှင်းလင်းချက်။
Earworm (informal) = a song that you keep hearing in your head

✅ I have an earworm since yesterday. People keep sharing the song with the line "ငိုမနေပါရစေနဲ့" on Facebook.
မနေ့ကကတည်းက "ငိုမနေပါရစေနဲ့" ဆိုတဲ့ သီချင်းစာသားပါတဲ့ သီချင်းပဲ Facebook ပေါ်မှာ share နေကြတော့ အဲ့သီချင်းပဲ နားထဲကြားနေမိတယ်။

✅ This new Last Christmas song is a real earworm. I haven't been able to get it out of my head since last week.
Last Christmas သီချင်းအသစ်ကို နားထဲပဲ ကြားယောင်နေမိတာ။ အရင်တပတ်ကတည်းက မေ့လို့မရဖြစ်နေတာပါဆို။

✅ I can't get rid of the earmworm of the song I have heard today morning.
ဒီမနက်ကြားထားတဲ့ သီချင်းပဲ နားထဲဆွဲနေတယ် မေ့ဖျောက်လို့လဲမရဘူး။

With love,
Mario 🍄
6.1.2024

Let's learn English Where stories live. Discover now