7

58 3 0
                                    

ဒီဘက်ခေတ် ဗန်းစကားတွေဖြစ်တဲ့ "ချေတယ်" ဆိုတာနဲ့
"ဂျင်းထည့်တယ်" ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုပြောမလဲ။

🤨 "ချေတယ်" ဆိုတာ
"မာနကြီးတာ" နဲ့
"တစ်ဖက်လူကို အဖက်မလုပ်တာ"
နှစ်ခုပေါင်းထားတာပါ။

မာနကြီးတာကိုတော့ proud သို့မဟုတ်
arrogant (အက်ရဂန့်ထ်) လို့ သုံးပါတယ်။

တစ်ဖက်လူကို အဖက်မလုပ်တာကိုတော့
distant, remote, aloof (အလူးဖ်) လို့ ပြောတယ်။

ဒီနှစ်မျိုးပေါင်းထားတာကိုတော့
haughty (ဟော့ထီ) လို့ ခေါ်ပါတယ်။

ဒါပေမဲ့ "ချေတယ်" ဆိုတာက ဗန်းစကားဖြစ်နေတော့
အင်္ဂလိပ်မှာလည်း အဲ့လို ပေါ့ပါးတဲ့အသုံးဖြစ်သင့်တယ်။

✅ ဒါကြောင့် stuck-up ဆိုတဲ့ စကားလုံးလေးကို ရွေးလိုက်ပါတယ်။

နမူနာဝါကျတွေကိုလိုက်ကြည့်ရင်လည်း သုံးတဲ့အကြောင်းအရာတွေပါ တူတာ တွေ့ရပါတယ်။

😒 She's so stuck-up. She won't even talk to us.
သူက အရမ်းချေတာပဲ။ ငါတို့ကို စကားတောင်ပြောမှာ မဟုတ်ဘူး။

😒 a bunch of stuck-up snobs
အချေတစ်သိုက်

🤥 "ဂျင်းထည့်တယ်" ဆိုတာကျ တစ်ဖက်သားကို ကိုယ်ကျိုးအတွက် လိမ်လည်တာကို ပြောတာပါ။

လိမ်လည်တယ်လို့ အဓိပ္ပာယ်ရတဲ့ စကားလုံးတွေကတော့
fool, trick, con, cheat, deceive, take sb in
စသ​ဖြင့် အမျိုးမျိုး ရှိပါတယ်။

🤥 fool ကတော့ အပျော်လိမ်တာမျိုးလည်း ဖြစ်နိုင်တယ်။ အပြောင်အပျက်ပေါ့။

🤥 trick ကကျ နည်းနည်းဆန်းတယ်။
လိမ်တာက ပညာသားပါတယ် လို့ မှတ်ယူပြီး
အလိမ်ခံရတဲ့သူက တုံးအလို့ အလိမ်ခံရတာ
နည်းတောင်နည်းသေးတယ်ဆိုတဲ့ သဘောပါတယ်။

🤥 cheat ကိုတော့ လိမ်တာအပြင်
စာခိုးချတာ၊ ဖောက်ပြန်တာတွေအတွက်ပါ သုံးပါတယ်။

🤥 take + Obj + in ကတော့ in ပါတဲ့အတွက်
"အယုံသွင်းသည်" လို့ မှတ်ထားရင် ရပါပြီ။
ပုံပြောပြီး ဟန်ဆောင်သွားတာမျိုးပေါ့။

🤥 deceive ကတော့ အဆိုးဆုံးပဲထင်ပါတယ်။
မိတ်ဆွေ၊ ရည်းစားနဲ့ မိမိအပေါ်ယုံကြည်ထားတဲ့သူတွေကို လ်ိမ်လည်လှည့်ဖြားတာကို ပြောတာမို့ပါ။

✅ ဒီအထဲမှာမှ နောက်ဆုံးကျန်တဲ့ con ကတော့
"ဂျင်းထည့်တယ်" ဆိုတာနဲ့ အကိုက်ဆုံးဖြစ်မယ်ထင်တယ်။

1️⃣ ကိုယ်ကျိုးစီးပွားအတွက် လိမ်တာဖြစ်တယ်။
(အပျော်မဟုတ်)

2️⃣ ဗန်းစကားလို ပေါ့ပါးတဲ့အသုံးဖြစ်တယ်။

3️⃣ နမူနာဝါကျတွေအရလည်း သုံးတဲ့နေရာတူတယ်။

🚗 I was conned into buying a useless car.
ငါတော့ သုံးစားမရတဲ့ကားကြီးနဲ့ ဂျင်းထည့်ခံလိုက်ရတယ်။

💰 They had been conned out of 1 million kyats.
သူတို့ ဆယ်သိန်းဖိုး ဂျင်းမိသွားတယ်။

✅ con ကိုပဲ Noun အနေနဲ့ သုံးလို့ရတယ်။
"ဂျင်း" လို့ ဘာသာပြန်လို့ ရပါတယ်။

🛍️ The so-called discount is a big con.
ဒီလျှော့စျေးဆိုတာကြီးက ဂျင်းအကြီးကြီးပါကွာ။

✅ "ဂျင်းကောင်" ကိုကျ conman လို့ သုံးတယ်။

🤞In reality, he is nothing more than a conman.
တကယ်တော့ အဲ့ကောင်က ဂျင်းကောင်ပဲ။

With love,
YKL
Jun 12, 2022
Crd

Let's learn English Where stories live. Discover now