13

30 0 0
                                    

👩 အပျိုကြီးတွေကို အရင်တုန်းက အင်္ဂလိပ်လို spinster လို့ခေါ်ပါတယ်။

(ပစိပစပ်များတယ်၊ ဇီဇာကြောင်တယ် စတဲ့ မ​ကောင်းတဲ့ တွဲဖက်အနက်တွေကြောင့် ရိုင်းတဲ့သဘောသက်ရောက်တဲ့အတွက် ဒီဘက်ခေတ်မှာတော့ single ဆိုတဲ့စကားလုံးကိုပဲ သုံးကြပါတယ်)

🔎 spinster ဆိုတာ spin နဲ့ -ster ပေါင်းထားတာ ဖြစ်ပါတယ်။

🛞 spin ဆိုတာ "လှည့်တာ၊ ဗိုင်းငင်တာ" ကိုပြောတာပါ။

👤 -ster ကတော့ "တစ်ခုခုနဲ့သက်ဆိုင်တဲ့သူ၊ တစ်ခုခုပြုလုပ်တဲ့သူ" ကိုပြတဲ့ နောက်ဆက်စကားဖြစ်ပါတယ်။

👦 youngster = လူငယ်
😎 gangster = လူမိုက်အဖွဲ့ဝင် (ဂန်းစတား)
🤡 prankster = ကျီစယ်သူ (လူနောက်)

👳‍♀️ ဒါကြောင့် spinster ဆိုတာ "ဗိုင်းငင်တဲ့အမျိုးသမီး" ကိုပြောတာ ဖြစ်ပါတယ်။

🤔 ဒါဖြင့် ဘာလို့ "ဗိုင်းငင်တဲ့အမျိုးသမီး" က "အပျိုကြီး" ဖြစ်ရတာလဲ။

🙇‍♀️ ဒါဟာ တကယ်တော့ အရင်ခေတ်က
အမျိုးသမီးတွေ အဖိနှိပ်ခံခဲ့ရတာကို ပြနေတာပါ။
အင်္ဂလန်မှာ အရင်တုန်းက ယောက်ျားမရှိတဲ့
မိန်းမသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းကောင်းဆိုတာ မရှိသလောက်ပါပဲ။
ဒါကြောင့် အိမ်ထောင်မရှိတဲ့ အမျိုးသမီးတွေဟာ
ဗိုင်းငင်တဲ့အလုပ်လို ဝင်ငွေနည်းပါးပြီး
ပညာမလိုတဲ့ အလုပ်မျိုးတွေပဲ လုပ်ကြရပါတယ်။
တစ်ဖြည်းဖြည်းနဲ့ ဗိုင်းငင်တဲ့အလုပ်ဆိုတာ
အပျိုကြီးတွေအတွက် သီးသန့်လိုဖြစ်လာတဲ့အခါ
spinster ဆိုတဲ့ စကားလုံးဟာလည်း
"ဗိုင်းသမ" ဆိုတဲ့ အဓိပ္ပာယ်ကနေ
"အပျိုကြီး" ရယ်လို့ ပြောင်းလဲလာပါတော့တယ်။

တစ်သက်လုံး ဗိုင်းကောင်းကျောက်ဖိနေလာခဲ့တာ
လသာတုန်း ဗိုင်းမငင်မိတော့
တစ်သက်လုံး ဗိုင်းသမလုပ်နေရပါပေါ့လား ဆိုပြီး
စာချိုးရမလိုဖြစ်နေပြီ 😂

With love,
YKL
3 Oct, 2022

Let's learn English Where stories live. Discover now