Part49(Uni/ZG)

3.2K 142 3
                                    

ပေါင်တစ်ဝက်လောက်ထိရှည်တဲ့တီရှပ်ပွပွနဲ့ခြေမျက်စိထိဖုံးတဲ့ဘောင်းဘီရှည်တစ်ထည်ဝတ်ထားတာကြောင့် ကိုးလရှိနေပြီဖြစ်တဲ့သူ့ဗိုက်လေးက သိပ့်တော့မမြင်သာဘူး။

အ‌သားဖွေးပြီးမေးရိုးသွယ်တာကြောင့်သူ့ပုံစံလေးကမိန်းကလေးဆံပင်အတိုညှပ်ထားတယ်လို့တောင်ထင်ရပါတယ်

ဦးခိုက်သူ့လက်ကလေးကိုတွဲပြီးဘုရားပေါ်ဖြေးဖြေးချင်းလျှောက်လာတယ်

မောင်ကဖြူစွပ်စွပ်ရှပ်အိင်္ကျီလက်ရှည်ကိုလက်ဖျံထိခေါက်တင်ထားပြီး ခါးပေါ်မှာတော့ချည်အနက်နဲ့အပြာ‌ရောရက်ထားတဲ့မာစရိုက်ပွင့်ရိုက်ပုဆိုးကိုကျစ်လစ်မြဲမြံစွာဝတ်ဆင်ထားသည်

ကျွန်တော့်အမြင်မှာ‌တော့ပုဆိုးချင်းတူရင်တောင် မောင်ဝတ်မှပိုခန့်ညားနေတာမျိုး။

မဟာမုနိရုပ်ရှင်‌တော်မြတ်ကြီးရှေ့မှာ ရိုသေစွာဒူးတုတ်ထိုင်လိုက်ပြီး ဘုရားကိုအာရုံပြုထားတယ်

ဗိုက်ကခံနေတာကြောင့် ထိခြင်းငါးပါးနဲ့အညီ ဦးချကန်တော့လို့တော့မရဘူး။

ဘုရားရှိခိုးပြီးတော့ ပါးစပ်လေးလှုပ်ပြီးသူဆုတောင်းနေတယ်"‌ကိုယ်လက်အင်္ဂါအစုံနဲ့လိမ္မာရေးခြားရှိပြီး မိဘအပေါ်သိတတ်တဲ့သားလိမ္မာလေးပေးသနားတော်မူပါအရှင်ဘုရား"

Ultrasoundလေးကြိမ်တိတိရိုက်ပြီးပြီမို့ သားအခြေအနေကိုသိသင့်သလောက်သိရပြီဆိုပေမဲ့ သူ့ရင်ထဲကြောက်စိတ်တွေတော့ဝင်နေမိတယ်

ဦးခိုက်သူ့ကိုယ်လေးကိုတွဲထူပေးတော့ အထိုင်အထတွေက လေးလေးပင်ပင်ရှိလှတယ်

ဘုရားရှိခိုးပြီးတော့ ကြေးရုပ်ကြီးတွေရှိတဲ့နားကိုဆက်သွားတယ်

"မင်းအရမ်းကြောက်နေလား"

"အမှန်တိုင်းပြောရမယ်ဆိုရင်တော့ ကြောက်တယ်မောင် ကိုယ့်ထပ်သားတစ်ခုခုဖြစ်သွားမှာကိုပဲကြောက်တာ"

မောင်ကသေချာပေါက်ကျွန်တော့်ကိုပဲရွေးချယ်မှာသိတယ်

"မင်းဘာမှစိတ်မပူပါနဲ့ မင်းလုပ်နိုင်လိမ့်မယ်ဆိုတာ ကိုယ်ယုံတယ်"

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Where stories live. Discover now