Part43(Uni/ZG)

3.3K 150 8
                                    

ညကမေမေ့ကိုအိမ်မက်မက်တယ် အိမ်မက်ထဲမှာလည်း ကျွန်တော်ငယ်ငယ်တုန်းကအကြောင်းတွေချည်းပဲ ကျွန်တော်ကမွေးရာပါသားအိမ်ပါတဲ့က‌လေး။

ငယ်ငယ်ကဗိုက်အောင့်တိုင်း ကျွန်တော့်ခန္ဓာကိုယ်ကိုနွေးထွေးအောင်ပွေ့ဖက်ပေးပြီးမေမေပြောတဲ့စကားလေးတစ်ခွန်းရှိတယ်

"အဲ့တာရာသီလာတာဘာမှမဖြစ်ဘူးသားရဲ့ သူများတွေမှာခြေပွားလက်ပွားလေးတွေပါသလိုပဲ သားခန္ဓာကိုယ်မှာလည်း အစိတ်အပိုင်းတစ်ခုအပိုပါတယ်လို့ပဲမှတ်လိုက်...သားဒီအကြောင်းတွေကိုဘယ်သူ့ကိုမှမပြောပြရဘူးနော် လူတွေက သားဒီလိုတွေဖြစ်တာကိုသာ သိသွားရင် ကဲ့ရဲ့ကြလိမ့်မယ်"တဲ့။

မေမေကကျွန်တော့်လျှို့ဝှက်ချက်ကိုသေရာပါတဲ့အထိသယ်သွားပေးခဲ့တယ်

အခုတော့ကျွန်တော့်ကိုယ်ကျွန်တော်မယုံကြည်ရဲတော့ဘူး ကျွန်တော့်ခန္ဓာကိုယ်မှာ ပြောင်းလဲမှု‌တွေစတင်လာပြီ။

အရင်လကတည်းကရာသီမလာတော့သလို ကျွန်တော့်ရဲ့ဗိုက်ထဲမှာ ရင်သွေးလေးရောက်နေသလိုခံစားရတယ်

ကျွန်တော်သူနဲ့တစ်ညပဲဖြတ်သန်းခဲ့ဖူးတာလေ အလွယ်တကူကိုယ်ဝန်ရတာဖြစ်နိုင်ပါ့မလား။

ကျွန်တော်ဒီတိုင်းထိုင်တွေးနေလို့မဖြစ်တော့ဘူး တစ်ခုခုကိုသေချာအောင်စစ်ဆေးမှရတော့မယ်

အိမ်ကလူတွေမသိအောင်အပြင်ခိုးထွက်ပြီး ဝယ်လာတဲ့ဆီးစစ်တံလေးယူပြီး ရေချိုးခန်းထဲဝင်သွားလိုက်တယ်

ဒါကိုဝယ်ဖို့ ကျွန်တော်ဘယ်လောက်ထိစွန့်စားခဲ့ရတယ်မှတ်လဲ။

"ဘုရား ဘုရား မဟုတ်ပါ‌စေနဲ့ ဟုတ်ချင်မှလည်းဟုတ်မှာပါ"

အနီကြောင်းလေးပြေးလာမှာကို‌စောင့်ကြည့်ရင်းကျွန်တော်ရင်တွေတုန်နေမိတယ်

ခဏကြာတော့ရင်‌တွေဒိန်းခနဲဆောင့်ခုန်သွားတယ်

ဆီးစစ်တံမှာပေါ်လာတဲ့ထင်ရှားတဲ့အကြောင်းလေးနှစ်ခု"မ...မဟုတ်ဘူး...မှားနေတာ!"မြင်နေရတဲ့ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ဘူး။

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Where stories live. Discover now