Part38(Uni/ZG)

2.7K 117 3
                                    

အိမ်မပြန်ခင်ဦးလေးနဲ့အန်တီကိုအရင်နှုတ်ဆက်လိုက်သည်

"ဒါကဦးလေးနဲ့အန်တီအတွက် လိုအပ်တာတွေသုံးလို့ရအောင်လို့ပါ"

စာအိတ်အဝါနဲ့ထည့်ထားတဲ့ငါးသိန်းတစ်အုပ်ထုတ်ပြီးအန်တီလက်ထဲထည့်ပေးလိုက်သည်

"ဘာလို့ပေးတာလဲကွယ် ပိုက်ဆံတွေမလား အန်တီတို့ကစေတနာသန့်သန့်နဲ့ကူညီပေးတာပါကွယ်"

"ဒါဆို ရွေးတို့ရဲ့စေတနာကိုလည်း ပြန်အသိမှတ်ပြုပေးပါနော် ရွေးတို့ဒုက္ခရောက်နေတဲ့အချိန်မှာကူညီခဲ့တဲ့ အန်တီတို့ရဲ့ကျေးဇူးကိုဘယ်တော့မှ‌မမေ့ပါဘူး...ဒါလေးကလိပ်စာကဒ်ပါ ကိုမင်းခန့်ညားကိုလည်းပြောပေးပါနော် မန္တလေးမှာအကူအညီလိုရင် အချိန်မရွေးလာခဲ့လို့ရပါတယ်လို့"

"ဟုတ်ပါပြီကွယ် ဂရုစိုက်သွားကြအုံးနော်"

ကားပေါ်တက်မယ်လုပ်တော့ ကိုပူပြင်းကကားတံခါးဖွင့်ပေးတယ်

နှစ်ယောက်လုံးကားပေါ်ရောက်တော့မှ ကားမှန်တစ်ချက်ချပြီး ဦးခိုက်ကထပ်နှုတ်ဆက်တယ်
"သွားလိုက်ဦးမယ်ဗျ"

သူတို့အသိမှတ်ပြုကြောင်းခေါင်းလေးငြိမ့်ပြတယ်

ဦးရွှေဘတို့လင်မယားထွက်သွားတဲ့ကားနောက်မြှီးပိုင်းကိုကြည့်ရင်း နေရာတင်ရပ်ကျန်ခဲ့သည်။

"ဘဘကြီးရော အဆင်ပြေလားပူပြင်း"

"အစကတော့ ဘဘကြီးအရမ်းစိတ်ပူနေတာ အစ်ကိုလေးဆီက ဖုန်းအဆက်အသွယ်ရတော့မှအဆင်ပြေသွားတာ"

"ဘဘကြီးသနားပါတယ်ဦးခိုက်ရယ်"

"ဘယ်တတ်နိုင်မလဲ ကိုယ်တို့တောင်အသက်လုပြီးပြေးခဲ့ရတာကို"

"အစ်ကိုလေးရဲ့ကားကို ကျွန်တော်ပြန်ပြင်ထားပြီးပါပြီ"

"ဟိုကောင်တွေငါ့ကားဘီးတွေဖြုတ်ခိုးသွားသေးလား"

"မခိုးပါဘူးအစ်ကိုလေး အဲ့လောက်ကြီးကျ သရုပ်ပျက်မှာသူတို့လည်းသိတယ်လေ"

ကိုပူပြင်းလာကြိုတာကြောင့် ကျွန်တော်တို့ဘေးကင်းစွာနဲ့အိမ်ပြန်ရောက်ခဲ့ရသည်။

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ