Part14(Uni/ZG)

2.9K 125 2
                                    

"ငါးမြင်းတုံးတွေကကြီးလှချည်လား"ဘဘကြီးက ထမင်းစားပွဲမှာလာချပေးတဲ့ ငါးမြင်းဆီပြန်ဟင်းကိုကြည့်ပြီးပြောနေခြင်းဖြစ်သည်

"သားငယ်အကြိုက်လေဘဘကြီး"

"ဦးခိုက်က ဒီနေ့ထမင်းလာစားမှာမဟုတ်လောက်ဘူး ယက္ကန်းစင်အတွက် အဆောက်အဉီးအသစ်ဆောက်နေတာနဲ့အလုပ်ရှုပ်နေလောက်တယ်"

ဘဘကြီးနဲ့ကြီးမြအပြန်အလှန်ပြောနေကြတာတွေကို ကျွန်တော်မီးဖိုချောင်ကနေကြားနေရတယ်

ဒီရက်ပိုင်း သူအလုပ်တွေအရမ်းရှုပ်တယ်ထင်တယ် တော်ရုံတန်ရုံနေ့လည်စာ လာပြန်မစားတော့ဘူး။

ငါးမြင်းဟင်းကိုဦးခိုက်ကအရမ်းကြိုက်တယ်ဆိုလို့ ကျွန်တော်လည်းသူ့ကိုကောင်းကောင်းစားစေချင်ပါတယ်

မိသူကသူ့အနောက်ကနေ အနားကပ်လာပြီး"မမလေးသွားပို့ပေးလိုက်ပါလားဟင် အစ်ကိုလေးက ငါးမြင်းဟင်းဆိုအရမ်းကြိုက်တာ"

"တော်ပါပြီမိသူရယ် ငါမှသူ့အလုပ်ကိုတစ်ခါမှမရောက်ဖူးတာ တော်နေကြာသူအနှောင့်ယှက်ဖြစ်နေပါအုံးမယ်"

"ဘာအနှောင့်အယှက်မှမဖြစ်ပါဘူး မမလေးသွားရင် အစ်ကိုလေးကပျော်တောင်ပျော်သွားဦးမယ်"

"ဘာကိစ္စပျော်မှာလဲမိသူရယ်"

"ပျော်မှာပေါ့ အခုချိန်ထိအစ်ကိုလေးကို ဘယ်သူမှထမင်းချိုင့်ပို့ဖူးတာမှမဟုတ်တာ"

ဘာကြောင့်မှန်းမသိကျွန်တော်သူ့ကိုသနားသွားမိတယ်

"ပို့မယ်မလားဟင်"

သူတိတ်နေတုန်း မိသူကသူ့ဘာသာ ချိုင့်တွေထုတ်ပြီး ဟင်းတွေထည့်နေတယ်

"နင်သွားပို့မလို့လားမိသူ"

"မဟုတ်ပါဘူး မမလေးပဲပို့မယ်ဆို"

"ဟမ်! ဘယ်တုန်းကလဲငါမပြောပါဘူး"

"ဘာမပြောရမှာလဲ ခုနကမိသူမေးတော့ သူပဲခေါင်းငြိမ့်ပြပြီး"

"ဟုတ်လို့လား ငါမငြိမ့်ပြပါဘူး"

"မသိဘူး မသိဘူး မိသူထုတ်ပြီးသွားပြီ ဒီထမင်းတွေဟင်းတွေဘယ်လိုလုပ်မလဲ"

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Where stories live. Discover now