Part9(Uni/ZG)

3.5K 152 0
                                    

မနက်ဆိုတုတ်တုတ်သမားက အိမ်ရှေ့ရောက်ပြီ။

"မမွှေးထုံမွှေးထုံ
ပါးကွက်ကြားနဲ့ သနပ်ခါးမှုန်
မွှေးထုံ ဘာကြောင့်မွှေး
ရှင်တောင်နပ်ခါး လိမ်းလို့မွှေး"။

မိသူက ထမိန်ရင်လျားနဲ့ ရှင်မတောင်သနပ်ခါးတုံးလေးကို နှာသီးဖျားလေးနားကပ်ရှူရင်း ဆရာမကြည်အေး၏ကဗျာကလေးကိုရွတ်ဆိုနေတယ်

ကျောက်ပြင်ထပ် သနပ်ခါးကိုပစ်ပစ်နှစ်နှစ်သွေးပြီး ပါးပြင်ကလေးပေါ် ပါးကွက်လေးညီညီညာညာကွက်၏။

အပြင်ကနေကြီးမြရဲ့အော်သံကြားရတယ်"ဟဲ့ မိသူရေ ကြာလှချည်လား"

"ပြီးတော့မယ်ကြီးမြ ခဏလေးပါ"

ကြီးမြကမိသူကိုဆော်ဩပြီး အိမ်ပေါ်တက်လာတယ်

"ဒေါက်! ဒေါက်"

ကျွန်တော့်အခန်းတံခါးခေါက်သံကြားလိုက်ရတာကြောင့် တံခါးသွားဖွင့်လိုက်တယ်

"ကြီးမြ ရွေးကိုဘာခိုင်းစရာရှိလို့လဲဟင်"

"သမီးရွေးက ဒီရက်ပိုင်းအခန်းထဲက အခန်းပြင်သိပ့်မထွက်တော့ နေများမကောင်းလို့လားလို့ ကြီးမြလာကြည့်တာပါ"

"ရွေးနေကောင်းပါတယ်ကြီးမြ"

"နေကောင်းတယ်ဆိုရင် သမီးရွေးမိသူနဲ့ဈေးကိုအဖော်လိုက်သွားပေးလို့ရမလား မိလှိုင်ကဥဒေါင်းရွာဘုရားပွဲ သူတို့မင်းကွန်းကိုပြန်သွားလို့ အိမ်မှာကလည်း ကြီးမြတစ်ယောက်ထဲရယ် ချက်ရေးပြုတ်ရေးက ရှိသေးတယ်မဟုတ်လား အဲ့ကလေးမမိသူ ဒီရက်ပိုင်းမူမမှန်ဘူး သူ့ကိုလည်း ကျောက်ဝိုင်းကကောင်တွေလိုက်ပြီး ရည်းစားစကားပြောနေတယ်လို့ကြားတယ် ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်ကိုဘဝကြီးထင်ပြီးသာယာသွားမှာစိုးလို့သမီးရွေးရေ"

"ဟုတ်...ရပါတယ်ကြီးမြ ရွေးလိုက်သွားလိုက်ပါ့မယ်"

ကျွန်တော်အပြင်ထွက်ရမယ်ဆိုတော့ ဦးခိုက်ကိုသတိရသွားတယ်

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Onde histórias criam vida. Descubra agora