Part46(Uni/ZG)

3.2K 133 2
                                    

မနက်ကသူ့အမေပေးထားတဲ့SEIKOနာရီလေးလွတ်ကျပြီးမှန်ကွဲသွားတော့ သူအတော်လေးစိတ်ထိခိုက်သွားပုံရတယ်

ပြန်ပြင်ပေးမယ်ပြောတာကို စကားနားမထောင်ဘူးငိုပဲငိုနေတော့တာ။

အခုလည်းအိမ်အောက်မဆင်းခင် မှန်တင်ခုံမှာထိုင်ရင်းငိုနေပြန်ပြီ။

ဦးခိုက်အနားသွားလိုက်ပြီး သူ့ကိုယ်လေးကိုရင်ခွင်ထဲဆွဲထည့်လိုက်တယ်

"မငိုနဲ့တော့သော် မင်းငိုရင်သားပါဝမ်းနည်းနေလိမ့်မယ်"

သူ့ဗိုက်ကသုံးလထဲကိုရောက်လာပြီဆိုတော့ ကိုယ်ဝန်ဆောင်ထားမှန်း ဗိုက်ကလေးကသိသာလာပြီ။

"ငါကြောက်တယ်ဦးခိုက်ရယ်"

"မင်းဘာမှမကြောက်နဲ့တစ်လောကလုံးကမင်းအမှားလို့ပြောနေရင်တောင် ကိုယ်ကသားနဲ့မင်းအတွက်အပြည့်အဝကာကွယ်ပေးမှာ...ဒီနေ့ကစပြီး မင်းမှာဘာအပြစ်မှမရှိတော့ဘူး မင်းဘယ်သူ့ကိုမှလည်း ဟန်ဆောင်နေစရာမလိုတော့ဘူး မင်းအမှားအတွက် သူတို့ခိုင်းစေတဲ့အတိုင်း ဘဝတစ်ခုလုံးတောင်ရင်းပြီးပေးဆပ်ထားတာလေ ဘာလို့ကိုယ့်ကိုယ်ကိုအပြစ်ရှိတယ်လို့တွေးနေရတာလဲ"

"မသိဘူး ဒီနေ့အကုန်လုံးကိုဖွင့်ပြောရတော့မယ်ဆိုတော့ စိတ်ထဲကအလိုလိုကြောက်နေမိတာ ဘဘကြီးကိုလည်းကြောက်တယ်"

ဦးခိုက်သူ့ဆံပင်ရှည်တွေကိုနားသယ်စပ်နောက်သိမ်းပေးလိုက်ပြီး နှဖူးကိုဖွဖွနမ်းတယ်

နွေးထွေးကြင်နာတဲ့မောင့်အနမ်းတစ်ချက်နဲ့တင်သွေးကြောထဲထိအားအင်တွေပြည့်ဝသွားသလိုခံစားလိုက်ရတယ်

"ကိုယ်အသက်ရှင်နေသရွေ့ ဘယ်လိုလောကဓံမျိုးပဲကြုံလာကြုံလာ ကိုယ်ကသားနဲ့မင်းရှေ့ကနေ မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးမှာ"

ဦးခိုက်သူ့လက်ကလေးတွေကိုဆုတ်ကိုင်လိုက်ပြီး အခန်းထဲကထွက်သွားလိုက်တယ်

ဧည့်ခန်းမှာ ဘဘကြီးအပါအဝင် ကိုမာန်စစ်၊မုတ်သုန်၊ကိုပူပြင်း၊ကြီးမြနဲ့မိသူတို့ပါရောက်နှင့်နေကြပြီ။

လှေကားပေါ်ကဆင်းလာပြီး ဧည့်ခန်းကိုရောက်တော့ဘဘကြီးရှေ့ကဆက်တီမှာနှစ်ယောက်အတူဝင်ထိုင်လိုက်ကြတယ်

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Where stories live. Discover now