Part28(Uni/ZG)

2.5K 116 2
                                    

မီးရောင်စုံပျိုးပျိုးပြက်ပြက်လင်းလက်နေတဲ့ dinner partyထဲကို သူကျွန်တော့်လက်ကိုဆွဲပြီးဝင်သွားလိုက်တယ်

ကျွန်တော်တို့ဝင်လာတော့ ကိုမာန်စစ်က လူတစ်စုနဲ့စကားရပ်ပြောနေရာကနေ လှမ်းကြည့်ပြီး လက်ကလေးထောင်ပြတယ်

ဦးခိုက်ဝင်လာတာနဲ့ ပွဲထဲကမိန်းကလေးတွေအကုန်သူ့ဆီအကြည့်ရောက်ကုန်ကြတယ်

မြင့်မားလှတဲ့အရပ်အမောင်း၊တည်ကြည်တဲ့မျက်နှာသွင်ပြင် နှုတ်ခမ်းမွှေးအနုလေးတွေနဲ့စိမ်းဖန့်‌နေတတ်တဲ့မေးဖျားတွေက တစ်မျိုးဆွဲဆောင်မှုရှိနေသည်

Formal shirtအနက်ရောင်ကို ကုတ်ထပ်မဝတ်ခဲ့ပဲ တံတောင်ဆစ်ထိ လက်ခေါက်ထားတာကြောင့် ‌အကြောစိမ်းတွေအပြိုင်းပြိုင်းထနေတဲ့သူ့လက်ဖျံတွေနဲ့ပတ်ထားတဲ့Rolexနာရီကပေါ်လွင်နေသည်

ကြယ်သီးနှစ်လုံးဖြုတ်ထားတာကြောင့် အိင်္ကျီရင်ဘတ်ဟနေတဲ့နေရာတွေက ဖုထစ်နေတဲ့ ရင်အုံကျယ်ကျယ်ကိုလည်း အတိုင်းသားမြင်နေရတယ်

ရှင်းသန့်နေတဲ့ဆံပင်တိုကိုဂျယ်နဲ့သထားပေမဲ့ဆံစ‌တွေကနဖူးပြေပြေပေါ်ဟိုတစ်စဒီတစ်စကျနေသည်

"ရှိတာတွေထုတ်ကြွားချင်လို့အခုလိုဝတ်လာတာမဟုတ်လား"

"မင်းကိုယ်တိုင်လာဝတ်မ‌ပေးတော့ ကိုယ်အဆင်ပြေတာပဲဝတ်ခဲ့တာပါ"

ဗီယက်နမ်မှာဆို သူဝတ်မဲ့အဝတ်အစားကို ကျွန်တော်ကိုယ်တိုင်ပဲရွေးပေးခဲ့တာ။

အခုသူ့အဆင်ပြေရာက ကြည့်ကောင်းတယ်ဆိုတာထပ်ပိုနေလို့ ရွဲ့ပြောလိုက်တာကို ရွဲ့ပြောလို့ရွဲ့ပြောမှန်းလည်းမသိဘူး။

သူကျွန်တော့်လက်ကိုဆွဲပြီးလျှောက်လာရင်းကနေ ဝိုင်းလွတ်နားရောက်တော့ ခါးပေါ်ကိုသူ့လက်တစ်ဖက်ကနေရာပြောင်းသွားတယ်

ပြီးမှခုံဆွဲပြီးသူကျွန်တော့်ကိုနေရာချပေးတယ်

"အဲ့တာငါတို့နှစ်တုန်းကE-major ကKingလေ"

ဦးခိုက်က တက္ကသိုလ်ဆိုတဲ့လူအများအားကျရတဲ့နေရာမှာလည်း ဧကရာဇ်လေးတစ်ပါးဖြစ်ခဲ့ဖူးတာပဲလား။

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Where stories live. Discover now