Part24(Uni/ZG)

2.5K 115 4
                                    

အိမ်ပြန်ရောက်ပြီး တစ်ရက်နှစ်ရက်ကြာတော့ မုတ်သုန်ကိုအရင်တိုင်းပဲပန်းချီဆွဲပြန်သင်ပေးဖြစ်တယ်

မုတ်သုန်ကရှုခင်းပုံတွေထပ် လူပုံဆွဲတတ်ချင်တယ်လို့ပြောခဲ့ဖူးတယ်

အခုတော့ လူပုံဆွဲဖို့အခြေခံတွေစသင်ပေးဖြစ်နေပါပြီ

"မုတ်သုန် ဒါလက်ဆောင်နော်"ကျွန်တော်ဗီယက်နမ်ကဝယ်လာတဲ့ ပန်းချီစုတ်တံဘူးလေးသူ့ကိုထုတ်ပေးလိုက်တယ်

"ကျေးဇူးတင်ပါတယ်မမရွေး"

"ရပါတယ်"

"ဒါနဲ့မုတ်သုန် မျက်နှာလည်းမကောင်းဘူးဘာဖြစ်နေတာလဲ"

"မနက်ဖြန်အောင်စာရင်းထွက်တော့မှာ မမရွေးရဲ့"

"ဘာလဲမုတ်သုန်ကစာမေးပွဲကျမှာကိုကြောက်နေတာလား"

"ကြောက်တာပေါ့မမရွေးရဲ့ မုတ်သုန်စာမေးပွဲကျရင် အစ်ကိုကမုတ်သုန်ကိုရိုက်မှာ"

"ဟုတ်လို့လား"ကိုမာန်စစ်ကိုကြည့်ရတာ ဒေါသထွက်လွယ်တဲ့သူမျိုးတော့မဟုတ်ပါဘူး။

"မုတ်သုန်က စာမေးပွဲမဖြေနိုင်ခဲ့လို့လား"

"ဖြေတော့ဖြေနိုင်ပါတယ် ဒါပေမဲ့ဘော်ဒါကနေ နှစ်ဝက်နဲ့ထွက်ခဲ့မိလို့ ကျွန်တော်အခုနောင်တရပြီးစိုးရိမ်နေတာ"

"ဟင်း!"ကျွန်တော်ပါမုတ်သုန်အစားရင်မောပြီးသက်ပြင်းချမိတယ်

"ဘာလို့စာကိုပြီးအောင်မသင်ပဲနှစ်ဝက်နဲ့ထွက်လိုက်ရတာလဲကွယ်"

မုတ်သုန်ကပြန်မဖြေတော့ပဲ သူ့လက်သဲထိပ်လေးတွေကိုစိတ်ရင်း ငြိမ်သက်နေတယ်

ပြီးတော့မှတစ်ခုခုကိုသတိရသွားတဲ့ပုံစံနဲ့ခေါင်းလေးထောင်လာပြီး"ဒီလိုလုပ်ပါလား မနက်ဖြန်အောင်စာရင်းသွားကြည့်ရင် မမရွေးရောလိုက်ခဲ့ပါလားဟင် မမရွေးပါတော့ မုတ်သုန်ကျရင်တောင် အစ်ကိုကဆူချင်မှဆူမှာ"

"ဘာဆိုင်လို့လဲရွေးပါတော့‌ရော ကိုမာန်စစ်ကမုတ်သုန်ကိုဆူချင်ဆူမှာပေါ့"

"မတူဘူးလေမမရွေးရယ် မမရွေးလိုသူစိမ်းတစ်ယောက်ပါတော့ ဟန့်တာပေါ့"

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Where stories live. Discover now