Part45(Uni/ZG)

3.4K 142 3
                                    

ဦးခိုက်သူ့ကိုပွေ့ချီလိုက်တော့nurseကလူနာကုတင်ပေါ်မှာချည်စောင်တွေခင်းပေးတယ်

ကိုယ်ဝန်နှစ်လပြည့်တော့မယ်အားနည်းနေသေးတာကလွဲလို့ကျန်တာဘာမှမဖြစ်တော့တာကြောင့်အရမ်းကြီးစိတ်ပူစရာတော့မလိုတော့ဘူး။

ဆရာဝန်ရောက်လာပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်တယ်

ဆေးထိုးရမှာကြောက်တဲ့သူက အခုတော့နေ့တိုင်းနီးပါးဆေးထိုးခံနေရတာမြင်တော့ ဦးခိုက်စိတ်မကောင်းဖြစ်မိတယ်

"ပထမဆုံးလေးလအတွင်းကတော့ အော့အန်တာမျိုးတွေကဖြစ်နေအုံးမှာပဲ အအန်သက်သာမဲ့ဆေးတွေပေးထားခဲ့မယ် လေးလကျော်သွားရင်တော့ အားလုံးစိတ်ချလို့ရပါပြီ"

"ဟုတ်ကဲ့ပါဒေါက်တာ ကျေးဇူးတင်ပါတယ်"

ဆရာဝန်ပြန်သွားတော့ သူကျွန်တော့်ကုတင်ဘေးလာထိုင်တယ်

"မင်းဗိုက်ဆာနေပြီလား"

"ဟင့်အင်း မဆာသေးပါဘူး"

ဘာမှမစားပဲတံတွေးတွေအရမ်းထွက်တာကြောင့်သူကျွန်တော့်ပါးစပ်ထဲရှောက်သီးဆေးပြားထည့်ပေးတယ်

လက်သဲညှပ်တာ၊ခေါင်းဖီးတာ၊ဆန်ပြုတ်တိုက်တာ၊toiletသွားတာကစသူပဲအကုန်လိုက်လုပ်ပေးတယ်

ဘဘကြီးတို့ကလူကြီးတွေဆိုတော့ ဆေးရုံကိုတစ်ရက်တစ်ခေါက်လောက်ပဲ လာကြည့်နိုင်ကြတယ်

အလုပ်မှာက ကိုပူပြင်းရှိတော့သူ့အလုပ်တွေအကုန်လုံးကို ကိုပူပြင်းနဲ့ပဲလွှဲထားတယ်

သူကျွန်တော့်လက်တွေကိုဆုတ်ကိုင်လိုက်ပြီးခပ်တိုးတိုးခေါ်တယ်

"သော်"

"ဟွန်"

"ကိုယ်တို့အကြောင်းတွေကို မင်းဆေးရုံကဆင်းတာနဲ့ ကိုယ်ဘဘကြီးကိုအကုန်ဖွင့်ပြောလိုက်တော့မယ် ကိုယ့်အတွက်နဲ့မင်းကိုဆက်ပြီးဟန်ဆောင်မနေစေချင်ဘူး မင်းဘယ်လိုပုံစံပဲဖြစ်ဖြစ် ကိုယ်ချစ်မှာပဲ မိန်းကလေးလိုပဲနေနေ ယောကျာ်းလေးလိုပဲနေနေ အဲ့တာကကိုယ့်အတွက်အရေးမကြီးဘူး"

ရင်ခွင်ထဲခေါင်းလေးတိုးပြီးသူဖက်တွယ်လာတယ်

"မင်းဘာမှမကြောက်ပါနဲ့ ဘဘကြီးကကိုယ်တို့ကိုသဘောတူပေးမှာပါ ကိုယ့်ဘဘကြီးစိတ်ကိုကိုယ်သိတယ် တကယ်လို့ဘဘကြီးသဘောမတူဘူးဆိုလည်း ကိုယ်မင်းကိုခိုးပြေးမှာပေါ့"

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Tempat cerita menjadi hidup. Temukan sekarang