အပိုင်း(၂၇) ဇာတ်သိမ်းပိုင်း

Start from the beginning
                                    

နှစ်ရက်ဆက်တိုက် အပူမကျသောကြောင့် အကိုက စိုးရိမ်ပြီး မြို့ဆေးရုံသို့ ပို့ပေးသည်။ ရိုးရိုးဖျားတာကြောင့် သောက်ဆေးနှင့် ဆေးထိုးပေးဘိုက်သည်။ ထိုအခါမှ အဖျားကကျတော့သည်။ ရက်ကြာဖျားခဲ့သောကြောင့် လူကတော့မလန်းမဆန်းဖြစ်နေသေးသည်။

" အကို..... "

သုတနေမကောင်းဖြစ်တော့မှ လူဆိုးလေးဖြစ်လာသည်။ အကို့ကို မျက်စိအောက်က အပျောက်မခံေတာ့ေပ။ အကို့အနားတွယ်ကပ်နေပြီး အကို့ကိုလည်း ဘယ်မှမသွားခိုင်းဘဲ သုတအနားမှာဘဲ နေခိုင်းသည်။ အကို့အသားနှင့်ထိမှ သုတနေလို့သက်သာသည်ဟု ခံစားရသည်။

" လာပါပြီ အချစ်ရယ်.... "

အသံညက်ညက်သေးသေးနှင့် သံရှည်ဆွဲခေါ်သော အသံလေးကြောင့် ရန်ဘုန်းအောင်မှာ ကျွတ်ပျချင်နေသော ပုဆိုးကို ပြင်မဝတ်အားတော့ဘဲ စွပ်ပြုတ်ပန်းကန်ကိုင်ထားလျက်ပင် ပုဆိုးစကို တံတောင်နှင့် ကျွတ်မကျအောင် ညှပ်ထားရသည်။

မီးဖိုချောင်ထဲက ထွက်လာသော အကို့ပုံစံကိုကျပြီး သုတမထိန်းနိုင်ဘဲ ရီလိုက်တော့သည်။

ရန်ဘုန်းအောင်စွတ်ပြုတ်ပန်းကန် ပူပူကို ကျွန်းစားပွဲခုံပေါ် မြန်မြန်တင်လိုက်ပြီး ပုဆိုးလိုက်သည်။ ထို့နောက် သဘောတကျရီနေသော ကောင်လေးနဖူးကို အပူချိန်စမ်းလိုက်သည်။

" သဘောကျနေတယ်ပေါ့ ဟုတ်လား....
အဖျားကနဲနဲကျန်သေးတယ် "

ရန်ဘုန်းအောင် စွတ်ပြုတ်ပန်းကန်ထဲက ကြက်သားကို နွင်လိုက်ပြီး အသေးလေးရှေ့ပို့လိုက်သည်။ နေမကောင်းသော ကောင်လေးက
လက်နှစ်ဖက်ကို အနွေးထည်အင်္ကျီအောက်ထဲ ထိုးထည့်ပြီး မျက်လုံးလေးကလေး တောင်ကြည့်မြောက်ကြည်နှင့်။ ရန်ဘုန်းအောင် သဘောတကျရီလိုက်ပြီး စွပ်ပြုတ်တစ်ခွန်းကို အပူသက်သာအောင် မှုတ်ပြီး ခွံကျွေးမှ သောက်တော့သည်။

သုတနေမကောင်းတော့ ပါးစပ်ကခါးလာပြီး ခံတွင်းပျက်လာသည်။
အကိုက စိတ်ရှည်လက်ရှည်နှင့် နေမကောင်းသော သုတကိုသူကိုယ်တိုင်ခွံကျွေးတတ်သည်။ နှစ်ရက်သုံးရက်အတွင်း အကျင့်စွဲလာပြီး သက်သာလာတာတောင် သုတက အကိုခွံကျွေး စားတော့သောက်တော့သည်။

နှလုံးသားဖြင့်တည်ထားသော (Completed) Where stories live. Discover now