မိနစ်အနည်းငယ်ကြာပြီး​နောက်​တွင်။

အချိန်ကြာလာသည်နှင့်အမျှ ဝိန်းရိဖန် စပြီး စိုးရိမ်ပူပန်လာ​တော့​၏။

ယခုလိုအ​ခြေအ​နေတိုင်း တစ်ချိန်လုံးရှိ​နေဖို့မှာ မဖြစ်နိုင်။

ဝိန်းရိဖန်က သတ္တိအားလုံးကိုပြန်စုပြီး ​နောက်တစ်ကြိမ် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

စန်းရန်ဆုတ်ကိုင်ထားသည့် လက်​ကောက်ဝတ်​တစ်ဖက်ကိုလှမ်းကြည့်ပြီး ဝိန်းရိဖန်က အခြားလက်တစ်ဖက်ဖြင့် သူ့လက်​ချောင်းများအား တစ်​ချောင်းချင်းစီဖြည်​နေလိုက်၏။ သူ့လက်အား ​နေရာတကျပြန်ထားပြီးသည့်အချိန်မှသာ သူမ၏စိတ်ဝိဥာဥ်​လေးက စိတ်သက်သာရာရသလိုလို ရှိသွားရငြား။

သူမ ချိတုံချတုံဖြင့် ​တဖန် နောက်လှည့်ကြည့်လိုက်၏။

စန်းရန်၏နဖူးထက်တွင် ဝဲ​ကျ​နေဆံပင်တို့မှာ ခပ်ပွပွ ၊ သူ့ပုံစံမှာ ပုံမှန်ချိန်များထက်စာလျှင်​တော့ အနည်းငယ်​လျော့​ပေါ့၍မာမာထန်ထန်ရှိသည့်ပုံစံ ၊ မျက်လုံးတစ်စုံက မှိတ်ထားဆဲဖြစ်ပြီး မျက်​တောင်ရှည်များကပင် လှုပ်ရှားမှုမရှိ။

ဝိန်းရိဖန်၏စိတ်ထဲ အလင်း​ရောင်များထွက်လာ​တော့မည့်မိုး​သောက်ချိန်တစ်ခုသဖွယ် ခံစားမိလိုက်ရ၏။

အကြည့်များကိုပြန်ရုတ်သိမ်းပြီး အသက်ကို​အောင့်ကာ အိပ်ရာထက်မှ နည်းနည်းချင်းစီ​ရွေ့လာလိုက်သည်။

တစ်ဆယ် စင်တီမီတာ။

ငါး စင်တီမီတာ။

နည်းနည်းသာ လို​တော့သည့်အချိန်။

​ခြေ​ထောက်တစ်စုံ ကြမ်းပြင်​ပေါ်ချလိုက်ချင်း တစ်ချိန်တည်းမှာပင် စန်းရန်၏သြရှရှအသံအား ဝိန်းရိဖန်ကြားလိုက်ရပါ​တော့သည်။

"ဝိန်းရိဖန်?"

"...."

ဝိန်းရိဖန်၏ဦး​နှောက်တစ်ခုလုံး ရိုက်ချခံလိုက်သည့်အလား ၊ စက္ကန့်ပိုင်းခြားသွားပြီးကာမှ သံပတ်​ပေးခံရသည့်အလား ​နောက်လှည့်ကြည့်လိုက်လျှင်.....

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now