Arc 4🗡75🗡အင်အားစုများ၏ ရုန်းရင်ဆန်ခတ်မှုများ

Start from the beginning
                                    

သူ၏ ခွန်အားသည် အဆင့်တစ်ခုသာ တိုးလာသော်လည်း သူ့တစ်ကိုယ်လုံး ကြီးမားသော အပြောင်းအလဲကို ကြုံတွေ့ခဲ့ရသလို ခံစားနေရ၏။

ခန္ဓာကိုယ်ထဲမှာ တစ်ခုခု ပြီး​ပြည့်စုံ​သွားသလိုပဲ ခံစားချက်က ထူးခြားလှသည်။

"မင်း ခံစားမိပြီမလား? ငတုံး... အဲဒါက နတ်ဘုရားအသွင်ပြောင်းဆေးကို သန့်စင်ခိုင်းရတဲ့ အကြောင်းအရင်းပဲ... မင်းအခု တချို့တော့ ပြီးသွားပြီ ဒါပေမဲ့ အဲဒါက မလုံလောက်သေးဘူး...  မင်းကမ္ဘာကြီးထဲကို ရောက်တဲ့အခါ မင်းက ရေတွင်းထဲက ဖားပဲဆိုတာ သိလာလိမ့်မယ်!!"

လုရွှမ် သူ့ကို ကျီးကန်းစုတ်လို့ ခေါ်လိုက်တဲ့အတွက် သူ့ကိုဆဲဆိုနေပုံမှာ ကျီးကန်း အင်မတန် ဒေါသထွက်နေပုံရသည်။

လုရွှမ် ဒေါသတကြီး ပြုံးလိုက်သည်။ ဒီတစ်ကြိမ်မှာ သူအများကြီး အမြတ်ရခဲ့တယ် ဆိုတာ သူသိပေမယ့် အဲဒါက တခြားလူတွေကို ဆွဲဆောင်မိခဲ့တာ မဟုတ်ဘူးလား။

ကြိုးကြိုးစားစား အဂ္ဂိရတ် သန့်စင်နေတာက တခြားသူတွေအတွက် မင်္ဂလာဆောင် ဝတ်စုံ ပေးဝတ်ဖို့ မဟုတ်လေ။ ဒါဆိုရင် ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်သွားမှာ မဟုတ်ဘူးလား။

(translater - သူများကို မင်္ဂလာဝတ်စုံ ပေးဝတ်တယ်ဆိုတာ သူများကို အခွင့်အရေး ပေးလိုက်တာကို ပြောတာပါ)
...

အရိပ်လူသတ်ခန်းမ၏ အခန်းထဲတွင် မော့ကောင်းရွှမ်းသည် အရှိန်ပြင်းပြင်းဖြင့် တောင်လျှောက် မြောက်လျှောက် လှုပ်ရှားနေလေသည်။

လက်ရှိ အခြေအနေမှာတော့ လုရွှမ်ဆီက အဆက်အသွယ် မရတော့လို့ စိတ်ပူပင်စွာနဲ့ ပျာယာခတ်နေရ၏။ လုရွှမ် ထွက်သွား​ပြီးချိန်မှ ကောင်းကင်မှာ တိမ်တိုက်တွေ ပေါ်ထွက်လာခဲ့တာလေ။

ထိုအရာနှစ်ခုသည် မသက်ဆိုင်ဟု ထင်မိသော်လည်း မော့ကောင်းရွှမ်း နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှု တစ်ခု ရှိနေဆဲပင်။ တောက်ပနေသော တိမ်တိုက် ပေါ်လာသည့် အချိန်၌ လုရွှမ်နှင့် ထိုတိမ်တိုက်ဟာ မပတ်သက်နိုင်ပါဘူးဟု သူ့စိတ်ထဲတွင် ယုံကြည်ထားပြီးသား ဖြစ်လေသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now