Arc 4🗡70🗡စီစဉ်ရခြင်းအကြောင်းရင်း

Start from the beginning
                                    

လုရွှမ်ဆီက အသတ်ခံလိုက်ရတာက အရမ်းမြန်ပြီး ကြောက်စရာ ကောင်းလွန်းလို့ ဘယ်သူမှ သူ့ကို ရန်မစဝံ့တော့ချေ။

ဤအခိုက်အတန့် အပြင်ဘက်တွင် မျက်နှာဖြူ ပညာရှင်နှင့် အတော်လေး ဆင်တူသော လူငယ်တစ်ယောက် ရှိသည်။ သူ့မျက်လုံးများမှာ သွေးများ ထွက်နေပြီး သူ့ခန္ဓာကိုယ်က လူသတ်ချင်နေသည့် အငွေ့အသက်တွေဖြင့် ပြည့်နှက်နေသည်။

သူ၏ အရှိန်အဟုန်ကြောင့် အမှောင်ထဲမှ မထင်မရှားသော အသွင်အပြင်များ ထွက်လာသည်။

"သခင်လေး... စိတ်လျှော့ပါ"

"စိတ်လျှော့ရမယ်?? အဲဒီလူယုတ်မာက ငါ့ညီလေးကို သတ်လိုက်တာကွ!! ငါက စိတ်လျှော့ရမှာလား? ငါသူ့ကိုသတ်ပြီး သူ့မိသားစု တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်!!"

ဒေါသတကြီး ဟောက်ပြီးနောက် သူ့စိတ်တွေ ငြိမ်သက်သွားဖို့ အချိန်အတော် ကြာခဲ့လေသည်။

"အဲဒီလူက ဘယ်သူလဲ? ငါ့ညီအလောင်းကို အခုချက်ချင်း ထုတ်ယူလာခဲ့!!"

လက်အောက်ငယ်သား နှစ်ယောက်သည် ခါးသီးမှုအပြည့်ဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အခင်းအကျင်းသို့ ရောက်ရှိလာပြီး တိတ်တဆိတ် ပျောက်ကွယ်သွားကြသည်။

သူတို့နှစ်ယောက် ဝင်လာပြီးချင်းမှာပဲ လုရွှမ်ဟာ အခင်းအကျင်း တည်ဆောက်ပုံရဲ့ မျက်နှာ​ပြင်ပေါ်ကနေ ဖြတ်ပြီး လူနှစ်ယောက် ဝင်လာတာကို ခံစားလိုက်ရသည်။ သို့သော် သူဘာမှမပြောဘဲ နောက်ထပ် အပြောင်းအလဲများကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။

ဤဖွဲ့စည်းမှု၏ မှော်ဆန်မှုသည် သာမန် အခင်းအကျင်းများထက် များစွာ သာလွန်သော်လည်း သူတို့လို သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ အဆင့်၉ လူများကို ဝိုင်းထားရန် အသုံးပြုခြင်းသည် လွန်ကဲနေသည်မှာ ထင်ရှားပါ၏။

သဘာဝအတိုင်း အခြားလုပ်ဆောင်ချက်များ ပါရှိနိုင်ပြီး အကြီးမားဆုံး ဖြစ်နိုင်ခြေမှာ သူတို့အထဲက တစ်စုံတစ်ဦးကို ဝိုင်းထားခြင်းသာ ဖြစ်သည်။ ပြီးတော့ အဲဒီလူမှာ ကြီးမားတဲ့လျှို့ဝှက်ချက် ဒါမှမဟုတ် ကြွယ်ဝမှု တစ်ခုခု ရှိလိမ့်မည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now