Arc 4🗡66🗡ဆရာတူဦးလေးလို့ခေါ်

Start from the beginning
                                    

"ကျွင့်နမ်.... ဒီညီလေးရဲ့ နာမည်က ဘယ်လိုခေါ်လဲ မိတ်ဆက်ပေးပါဦး"

အကြီးအကဲ၆က ဆိုလိုက်သည်။

ထျန်ကျွင့်နမ်လည်း ပြုံးပြီး လုရွှမ်ကို ဂုဏ်ယူစွာ လက်ညှိုးထိုးပြ၍

"ဒါက ကျွန်​တော့်အစ်ကိုကြီး လုရွှမ်!! အဂ္ဂိရတ်ပညာရှင်၊ သားရဲထိန်းချုပ်ရေးဆရာ၊ လက်မှုပညာရှင်၊ အခင်းအကျင်း ပညာရှင်... ကောင်းကင်နဲ့ မြေကြီးမှာ နံပါတ်တစ် ပါရမီရှင်ပဲ!!"

ထျန်မိသားစု တစ်ခုလုံးသည် မတိုင်ခင်က သူတို့၏ မျက်နှာပေါ်တွင် အထင်အမြင် သေးခြင်းများ ရှိခဲ့သော်လည်း အခုအချိန်မှာတော့ ဘယ်သူကမှ ထ၍ မအော်ရဲကြပေ။ တစ်ဖက်လူက ယုတ်မာသော လူသတ်သမား ဖြစ်၏။

သူတို့လူများထဲမှ တစ်ဦး အသတ်ခံရပြီးနောက်မှာတောင် အကြီးအကဲ၆က သူ့ကို ညီလေးလို့တောင် အမှန်တကယ် ခေါ်ဝေါ်လိုက်သေးသည်။

ထျန်ကျွင့်နမ်သည် ထိုလူများ၏ မကျေနပ်မှုကို မမြင်နိုင်ဘဲ

"မကျေနပ်ကြဘူး မဟုတ်လား? မကျေနပ်လည်း မတတ်နိုင်ဘူး.. မယုံကြည်ရင် မျက်စိသာမှိတ်ထားတော့"

မုယန်ဖုန်း နှင့် အခြားလူများကိုလည်း ဖက်တီးက ရယ်ရယ်မောမောဖြင့် မိတ်ဆက်ပေးပြီး အားလုံးက လုရွှမ်ရဲ့ နောက်လိုက်များဖြစ်ကြောင်း ထောက်ပြလိုက်သည်။

သူတို့ရဲ့ ခွန်အားကလည်း သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်  ပြီးပြည့်စုံစေသော ကာလကလူများက လုရွှမ်ရဲ့ နောက်လိုက်များ ဖြစ်လာသည်ကို မြင်လိုက်ရသဖြင့် ဤလူများသည် လုရွှမ်၏ ခွန်အားကို ပို၍ပင် ထိတ်လန့်သွားကြသည်။

လုရွှမ် အကြီးအကဲ၆ကို တွေ့ပြီးနောက် ဒီလူကို သူအနည်းငယ် သဘောကျမိသည်။ အရင်ဘဝနဲ့ အခုဘဝမှာ ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ အသွင်အပြင်နဲ့ သူတော်စင်တစ်ပိုင်းကို ဝင်ရောက်ထားတဲ့လူကို ပထမဆုံး မြင်ဖူးခြင်းပင်။

သူ​တော်စင်တစ်ပိုင်း လမ်းစဉ်ကို လျှောက်လှမ်း အကောင်အထည် ဖော်လိုပါက မိမိကိုယ်ပိုင်ပုံစံကို ထိန်းချုပ်ရန်နှင့် ကောင်းကင်နှင့်မြေကြီးကြားရှိ အထူးလမ်းစဉ် တစ်မျိုးကို နားလည်ရန် လိုအပ်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now