Arc 4🗡66🗡ဆရာတူဦးလေးလို့ခေါ်

Start from the beginning
                                    

အထူးသဖြင့် နံပါတ်အဆင့် အဆင့်ပိုမြင့်သော အကြီးအကဲများမှာ သူတို့၏ ခွန်အားကလည်း တစ်စထက်တစ်စ ပိုမိုအားကောင်း​ကြသည်။ အကြီးအကဲ၆က ပို၍ပင် ထူးဆန်းသေး၏။ သူသည် စိတ်ဝိညာဥ်သခင်ကို သူတော်စင်တစ်ပိုင်း ဖြစ်​လေသည်။

"အရက်သောက်တာနဲ့ ကိုက်တာကို ကြိုမသတ်မှတ်ထားဘူး.... ရွှင်းအာက မာနကြီးပြီး ရက်စက်တဲ့ စိတ်ဓာတ်ရှိတယ်... သူ့စရိုက်ကိုပြင်ဖို့ ငါအကြိမ်ပေါင်းမနည်း ပြောခဲ့ဖူးပေမယ့် အမြဲတမ်း နားထောင်ဖို့ ငြင်းဆန်နေတာ... ဒီထက်ပိုပြီး ပြောရရင် ဒီလိုအချိန်ကို ရောက်လာတာက သူမရဲ့ ကံကြမ္မာပဲ... ငါသူမကို မလိုက်ခဲ့ဖို့ ပြောထားတာကို သူ့ဘာသာသူ တိတ်တိတ်လေး လိုက်လာတာ...  အရာအားလုံးက ကံစီမံရာ အတိုင်းပဲ"

ထျန်ချန်၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး မျက်လုံးတွေလည်း ရှုပ်ထွေးသွားသည်။ အကြီးအကဲ၆ ပြောတာ မှန်ပါ၏။ အကြီးအကဲ၆က မထွက်သွားခင်မှာ သူ့ညီမကို အပြင်မထွက်ဖို့ တားမြစ်ထားပေမယ့် တိတ်တိတ်လေး ပူဆာနေတာကြောင့် သူခွင့်ပြုခဲ့မိလေသည်။

မမျှော်လင့်ဘဲ ရလဒ်က ဒီလို ဖြစ်လာခဲ့သည်။

"ဟမ့်... မင်းမြင်တယ်မလား? ကောင်းကင်က တရားမျှတတယ်..."

ထျန်ကျွင့်နမ် အော်ပြောလိုက်ပြီး သူ့တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။

တတိယအကြီးအကဲက ​ပြန်ဟစ်အော်လာ၏။

"ကျွင့်နမ် မင်းပါးစပ်ကို ပိတ်ထားစမ်း!!"

ထျန်ကျွင့်နမ် ရှက်သွားပြီး ပါးစပ်ကို ပိတ်လိုက်ပေမယ့် သူ့နှုတ်ခမ်းထောင့်များက အပြုံးများဖြင့် ပြည့်နှက်နေတာကိုတော့ သူ့ဘာသာသူလည်း မတားနိုင်တော့ပေ။

ထျန်ချန်သည် ပြင်းထန်သော နတ်ဆိုးတစ်ကောင်လို မျက်လုံးများဖြင့် လုရွှမ်နှင့် ထျန်ကျွင့်နမ်တို့ကို စိုက်ကြည့်ပြီးနောက် ဖြည်းညှင်းစွာ လှည့်ထွက်သွား​တော့သည်။

လုရွှမ်ကတော့ အဲဒီထျန်ချန် အသိဥာဏ်ရှိပြီး ကလဲ့စားချေဖို့ မလာဘူးဆိုရင်တော့ မေ့ထားလိုက်မှာပင်။ သူလာမယ်ဆိုရင်တော့ ကောင်းကောင်း ဂရုစိုက်ပေးလိုက်မှာပဲ ဖြစ်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now