ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ

Start from the beginning
                                    

ငါ့သားက ဘာလို့ သာမန်ပဲ ဖြစ်ရမှာလဲကွ ...

သို့သော် သူကိုယ်တိုင်လည်း မရေမရာ ဖြစ်နေဆဲပင်။ သူ၏ အဖော်သားရဲမှာ မြေခွေးဖြစ်ကာ သူ့ကလေး၏ မိခင်ဖြစ်သူသည် ဝံပုလွေတစ်ကောင်ကို အဖော်သားရဲအဖြစ် ပိုင်ဆိုင်ထားပေသည်။

ဒါကို ဘာလို့ ငါတို့သားရဲ့ အဖော်သားရဲကကျမှ ခွေးတစ်ကောင် ဖြစ်နေရတာလဲ ...

ဒါကလည်း သဘာဝ မကျတာတော့ မဟုတ်ပါဘူးလေ ...

အတိတ်ကာလ၌ မတူညီသော မျိုးနွယ်စုများ လက်ထပ်ခြင်းမှာ နည်းပါးလှသည့်အတွက် မျိုးစပ်အဖော်သားရဲကို ပိုင်ဆိုင်သည့် ကလေးအရေအတွက်လည်း ရှားပါးသည်။ သို့သော် ယခုမူ ...

လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက ဆင်တူသည့် အဖော်သားရဲပိုင်ရှင်အချင်းချင်း လက်ထပ်ခြင်းကိုသာ အများစုက သဘောကျကြသည်။  ထို့ကြောင့် .. ကလေး၏ အဖော်သားရဲမှာ မိဘတို့နှင့် ခပ်ဆင်ဆင် တူတတ်သည့်တိုင် .. ဘိုးဘေးတို့၏ အဖော်သားရဲပုံစံသို့ ရုတ်ချည်း သန္ဓေပြောင်းသွားခြင်းမျိုးကိုလည်း မြင်ဖူးကြားဖူးပေသည်။

သူနှင့် သူ့ဇနီး နှစ်ဦးလုံး၏ ဘိုးဘေးများတွင် ခွေးအဖော်သားရဲ ပိုင်ဆိုင်သူများနှင့် လက်ထပ်ဖူးသူများ ရှိကြသည့်အတွက် သူတို့ကလေး၏ အဖော်သားရဲမှာ ခွေးတစ်ကောင် ဖြစ်နေသည်မှာ အဆန်းတော့လည်း မဟုတ်ချေ။

ကလေး၏ မိခင်ဘက်မှ မိသားစုတွင် သူတို့မျိုးဆက်ထဲ၌ အသန်မာဆုံးသူသည် ဝံပုလွေပုံစံ ခွေးတစ်ကောင်ကို အဖော်သားရဲအဖြစ် ပိုင်ဆိုင်ထားသည်။

ဆိုတော့ သူ့သားရဲ့ အဖော်သားရဲကလည်း အရမ်းကို ကောင်းတယ်လို့ ပြောလို့ရပါတယ် မြေခွေးတစ်ကောင်လိုမျိုးလေ ...

များမကြာမီ တစ္ဆေဘုရင်က ရှဲ့ယွင်နန်ကို တပည့်အဖြစ် လက်ခံချင်နေကြောင်း စိုက်ခင်းတစ်ခုလုံး သိရှိသွားတော့၏။

သိပြီးသူတိုင်း၏ တုန့်ပြန်ပုံမှာ ထူးဆန်းလှသည်။

ရှဲ့ယွင်နန်ဆိုတာ ငယ်ငယ်လေးကတည်းက ဆင်ခြေဖုံးဒေသမှာ နေလာတဲ့ သာမန်သူလေ ဘာလို့ ဘော့စ်က ရုတ်တရက်ကြီး သူ့ကို မျက်စိကျသွားတာလဲ ...

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲWhere stories live. Discover now