Arc 4🗡63🗡ထျန်အိမ်ကလူတွေလာပြီ

Start from the beginning
                                    

ထျန်ကျွင့်နမ်က သူ့လက်တွေကို ဖြန့်ပြီး

"ဒါပေမဲ့ အခွင့်အရေးက ဘာလဲဆိုတာ ကျွန်တော့်ကို မပြောခဲ့ဘူး... ကျွန်တော့်ရဲ့ အစွမ်းအစက အားနည်းနေတယ် ထင်လို့ သူတို့ရဲ့ အခွင့်အရေးကို လုယူမှာ ကြောက်နေတာ ဖြစ်မယ်... ဟမ့် ဖက်တီးဆိုတဲ့ လူက လုယက်ရင်တောင် ဘာပဲဖြစ်ဖြစ် သူ့မိသားစုထဲကပဲမလား? တခြားသူတွေ လာလုယက်ရင်မှ ရှက်စရာကြီးကို"

သူပြောသည့်အတိုင်း ထျန်ကျွင့်နမ်က သူသည် ဧကရာဇ်အင်ပါယာမှ ဆင်းသက်လာသော်လည်း အင်ပါယာရှိ သူ့မိသားစု၏ အင်အားမှာ အတော်လေး အားနည်းနေကြောင်း ရှင်းပြလာသည်။ ထျန်ကျွင့်နမ် ဆိုတာကလည်း မိသားစု၏ တစ်ဖက်သတ် အကိုင်းအခက်လေးမျှသာ ဖြစ်ပြီး မည်သည့်အခါမှ သူ့အား အသုံးပြုခြင်း မရှိပေ။

သူလည်း စိတ်မကောင်း ဖြစ်မိလို့ ဒီကိုရောက်လာပြီး သူ့အတွက် ကမ္ဘာတစ်ခု ဖန်တီးချင်ခဲ့တာပဲ ဖြစ်လေသည်။

လုရွှမ် ခက်ခက်ခဲခဲ တွေးနေမိပေမယ့် ခေါင်းခါနေမိတုန်းပဲ။ ဒီနေရာက ဝေးလွန်းတယ်။ သူနောက်ဆုံးအကြိမ် အဖြစ် အခွင့်အလမ်း တစ်ခု ရခဲ့တာက အဆင့်နိမ့် ဧကရာဇ်အင်ပါယာလေး တစ်ခုမှာပဲ။ ဒီလိုနေရာငယ်လေးမှာ ဘာဖြစ်မယ် ဆိုတာကို သူတကယ် မစဥ်းစားတတ်တော့ပေ။

"ဟမ့်.... မြန်မြန် လာရောက်လာတာပဲ အစ်ကိုကြီး ကျွန်တော် အရင်သွားတော့မယ်... ကျွန်တော့်ဝမ်းကွဲတွေကို သွားတွေ့ရဦးမယ်"

ထျန်ကျွင့်နမ်မှာ သူ့ရင်ခွင်ထဲက တံဆိပ်ပြား  ထုတ်လိုက်ပြီး မကျေမနပ်နဲ့ ပြောလိုက်သည်။

၎င်းသည် ထျန်မိသားစု၏ လက္ခဏာ အမှတ်အသား ဖြစ်ပြီး အတိုင်းအတာ တစ်ခုအတွင်းတွင် မိသားစု၏ အဖွဲ့ဝင် ဖြစ်တည်မှုကိုလည်း ခံစားနိုင်သည်။

"ငါတို့ မင်းနဲ့လိုက်ခဲ့မယ်"

လုရွှမ်သည် ထျန်ကျွင့်နမ်၏ စိတ်ပျက်အားငယ်နေသော မျက်နှာကို ကြည့်လိုက်သည်။ မကျေနပ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစား​နေရသော်လည်း လျစ်လျူရှုဟန်ဆောင်နေ၏။ လုရွှမ်လည်း ထျန်ကျွင့်နမ်ရဲ့ အခြေအနေက သူပြောတာထက် ပိုဆိုးနိုင်တာကို ခန့်မှန်းမိလိုက်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now