Arc 4🗡63🗡ထျန်အိမ်ကလူတွေလာပြီ

Start from the beginning
                                    

သူသည် အရှိန်ဖြင့် ပြေးသွားကာ သူ့လက်နှစ်ဖက်ကို ဖွင့်၍ လုရွှမ်ကို ခုန်အုပ်တော့မယ့် အခိုက်အတန့်မှာပဲ လုရွှမ်က သူ့ကို လေထဲသို့ ကန်သွင်းလိုက်ပြီး ပြုံးပြုံးလေးဖြင့်

"ဖက်တီးစုတ်... ဒီကို မလာနဲ့ မင်းလည်း ဧကရာဇ်အင်ပါယာက လာတာပဲ.... ဒီရက်ပိုင်း ဒီလူတွေ ဒီမှာ အဆက်မပြတ် ဝင်လာနေတာ ဘာကိစ္စရှိလို့လဲ?"

ဖက်တီးကတော့ သူ့မျက်နှာကို ပြုံးပြပြီး ပြန်ပြေးလာပြန်၏။

"အစ်ကိုကြီး... ကျွန်တော် အစ်ကိုကြီးနဲ့ စကားပြောဖို့ စိတ်ကူးထားပြီးသား... ဒါပေမဲ့ အစ်ကိုကြီးက မိန်းမတွေကြားမှာပဲ ​နေနေတော့ ရှာမတွေ့ဘူး ဖြစ်နေတာလေ!"

မုယန်ဖုန်း နှင့် လျောက်ချင်းတို့သည် လုရွှမ်အပေါ့ လေးနက်သော စိတ်ထားရှိပြီး ဟန်ရောင် နှင့် မော့ကောင်းရွှမ်းတို့လို လူအိုကြီးများက ပို၍ပင် လေးနက်ကြသည်။

ထျန်ကျွင့်နမ်နဲ့ လုရွှမ်တို့ကြားက လေသံကို နားထောင်ရင်း သူတို့အားလုံး ခဏတာ ထိတ်လန့်သွားကြသည်။

"စကားကို သေချာပြော!! မင်းထပ်ပြီး ပေါက်ကရ စကားတွေ ပြော​နေမယ်ဆိုရင် ငါမင်းကို မိန်းမအုပ်စုထဲကို ရိုက်ထည့်ပစ်လိုက်မယ်"

သို့သော် ထျန်ကျွင့်နမ်ရဲ့ မျက်လုံးတွေက တောက်ပလာပြီး

"ဒါက အ​ကြံကောင်းပဲ ဟဲဟဲ အများကြီး မတောင်းဆိုပါဘူး.... ဆေးဥယျာဥ်ထဲက သခင်မစွင်းလင်တို့ ရှိတဲ့နေရာဆိုရင် ရပြီ"

အခု မုယန်ဖုန်းနဲ့ တခြားသူတွေမှာ ဖက်တီးတစ်​ယောက် ဒီလိုစကားမျိုး ပြောထွက်လာရဲတာကို တကယ် အံ့သြသွားမိသည်။ လုရွှမ်ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့။

"စီးပွားရေးကိစ္စ စလိုက်ကြရအောင်... ကျွန်တော် သိပ်မကြာခင်ကမှ မိသားစုဆီက သတင်း တစ်ခုလည်း ရထားတယ်။ ကျွန်တော့်မိသားစုက လူတစ်စု လာမယ်တဲ့....ကျွန်တော့် သူတို့နဲ့ ပူးပေါင်းခိုင်းတာ... ဘယ်လို အခွင့်အလမ်းတွေ ရလာမလဲဆိုလားပဲ... တကယ်လို့ အခွင့်အလမ်းကို ရလာခဲ့ရင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို ဖြတ်ကျော်ပြီး သူတော်စင်တစ်ပိုင်း ဖြစ်သွားနိုင်တယ်... ပြီးတော့ သူတော်စင်နယ်ပယ်ရဲ့ တောက်ဓမ္မကျင့်ကြံမှု လမ်းစဥ်ကိုတောင် ရှာတွေ့နိုင်တယ်တဲ့"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now