အပိုင်း -(၂၉)

116 6 2
                                    

Unicode

"Merry Christmas အဖိုး"

"Merry Christmas baby"

အထုတ်ကြီးငယ်ဆွဲပြီး အဖိုးရဲ့ဆေးရုံအခန်းထဲဝင်လာသူမှာဘုန်းခန့်ဖြစ်သည်။ ‌ဗုဒ္ဓဘာသာခရစ်ရှန်ကပြားဖြစ်သည့်သူဟာ အဖိုးအတွက်ခရစ်စမတ်လုပ်ပေးရန်အတွက်ရောက်လာခဲ့ခြင်းဖြစ်သည်။ အဖိုးကခရစ်ရှန်အစစ်တစ်ယောက်ဖြစ်ပြီး ဗုဒ္ဓဘာသာအစစ်ဖြစ်တဲ့အဖွားကိုယူထားတာ‌ကြောင့်ကိုယ်ကဗုဒ္ဓဘာသာခရစ်ရှန်(ကပြား)ဖြစ်နေတာပင်။ နောက်ပြီး ဒယ်ဒီကလည်းခရစ်ရှန်တစ်ယောက်ဖြစ်ပြီး ဗုဒ္ဓဘာသာဖြစ်သည့်မာမီ့ကိုလက်ထပ်ယူထားတာပင်။

အခန်းထဲဝင်ဝင်ချင်းအဖိုးအနားကပ်၍ခေါင်းငုံ့ပေးတော့နဖူးကိုဖွဖွနမ်း၏။ သူ့အလိုကျအတိုင်းကလေးလိုနေပေးတော့အဖိုးကသိပ်ကိုသဘောကျပြီးရယ်သံတွေပါထွက်လို့။
ခရစ်စမတ်ကိုအကြောင်းပြပြီး‌တစ်ယောက်သောသူလေးနှင့်ပါမိတ်ဆက်ပေးချင်၍ဂျုတီချိန်ကိုခဏခွင့်တောင်းပြီးဆွဲခေါ်လာခဲ့တာဖြစ်သည်။ အဖိုးနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးခေါ်လာကတည်းက ခပ်အမ်းအမ်းဖြစ်သွားကာအခုထိကြောင်တောင်တောင်လေးနဲ့သူလုပ်သမျှလိုက်ကြည့်နေသည်၊ အရင်ကတည်းက ဒေါက်တာနဲ့အဖိုးနဲ့ကသိပြီးသားဆက်ဆံရေးဖြစ်ပေမယ့် သူ့၏ချစ်သူပါဟုတရားဝင်မိတ်ဆက်မပေးရသည်မို့ခေါ်လာခဲ့တာဖြစ်သည်။

"အဖိုး"

ဘေးကတစ်ယောက်၏လက်ကိုလှမ်းဆွဲပြီး
ကုတင်နားသွားရပ်‌တော့ကော်ဖီပူပူ‌ကိုမှုတ်သောက်နေရင်းအဖိုးကမျက်ခုံးပင့်သွားကာပြန်ထူးသည်။

"ကျွန်တော့်ချစ်သူနဲ့မိတ်ဆက်ပေးမလို့..."

"ဟေ...အဖိုးတို့ကတစ်ယောက်နဲ့တစ်ယောက်သိပြီးသားမို့ ဘေဘီကတကူးတကကြီးမိတ်ဆက်ပေးစရာမလို..."


"ဒါ..ကျွန်တော့်ချစ်သူ၊ ကျွန်တော်ချစ်ရတဲ့လူ၊ အဖိုးရဲ့အသိ ဒေါက်တာနွေဦးထည်ဝါဆိုတာထပ် ကျွန်တော့်ရဲ့ချစ်သူ၊အဖိုးမြေးရဲ့ချစ်သူ ဒေါက်တာနွေဦးထည်ဝါ ဆိုတာကိုမိတ်ဆက်ပေးချင်တာ"

အဖိုးကိုတောင်စကားဆုံးအောင်ပြောခွင့်မပေးပဲကိုယ့်လက်ကိုတင်းတင်းကိုင်ဆုပ်ထားပြီးပြောနေတဲ့ကောင်လေးကြောင့်နွေဦးမှာမျက်နှာတွေပူလာရသည်။ အဖိုးနဲ့ကအရင်ကတစ်ယောက်နဲ့တစ်ယောက်ရင်းနှီးနေတဲ့ဆက်ဆံရေးတွေဆိုပေမယ့်ဒီလိုကြီးမိတ်ဆက်ခံရတော့ဘာပဲဖြစ်ဖြစ်မျက်နှာပူပါသည်၊ ကိုင်ထားသည့်လက်ကိုကုတ်ခြစ်၍သတိပေးလည်းဂရုမစိုက် သူပြောချင်တာကိုသာဆုံးအောင်ပြော၏။ ဆက်ဘုန်းခန့်ရှိန်ဟာလေ။

နွေဦးပုံပြင်Opowieści tętniące życiem. Odkryj je teraz