အပိုင်း -(၁၅)

166 11 0
                                    

Unicode

"ဒါကြီးက မဟုတ်သေးပါဘူးကွာ..."

ဂျုတီအပြီးဆေးရုံကနေသူအိမ်ပြန်လာရတဲ့အချိန်ကမိုးချုပ်နေပြီ။ ညစာကိုလည်းအပြင်မှာတစ်ခါထွက်ပြီးမစားချင်လို့ အိမ်မှာပဲကိုယ့်ဟာကိုယ်ချက်စားမလို့လုပ်နေတာ ရေဘဝဲကလက်ထဲကထွက်ပြေးနေသည်၊ ကြာလာတော့နွေဦးလည်းစိတ်မရှည်တော့ပါ။ ဓားနဲ့လည်းအပိုင်းပိုင်းမခုတ်ထစ်ရက်လို့ ငြင်သာစွာလုပ်ကိုင်ပေးနေတာကို ရေဘဝဲကောင်ကနားမလည်ဘူး ထွက်ပြေးဖို့ပဲသိသည်။ ဒီလိုသာဆိုသူညစာဘယ်အချိန်မှစားရတော့မှာလဲ။

ဒေါက် ဒေါက် ဒေါက်!

ရေဘဝဲကောင်နဲ့ နပန်းလုံးနေရင်းအခန်းတံခါးခေါက်သံကြားတော့ဒီအချိန်ကြီးဘယ်သူပါလဲ။
ရေဘဝဲကောင်ကိုရေထဲခဏပြန်ထည့်ခဲ့ပြီးသူအရှေ့ထွက်လာလိုက်သည်။

တံခါးကိုဖွင့်လိုက်တော့...

"ဟော ခန့် "

မျက်နှာချင်းဆိုင်အခန်းကကောင်လေးကဘာကိစ္စရှိလို့ပါလိမ့်ဒီအချိန်ကြီး....

"ဒေါက်တာ"

ဒေါက်တာ့အနားမှာပဲနေပြီး၊ဒေါက်တာ့ကိုပဲမြင်ချင်နေတာမို့ ကိုယ့်အခန်းကနေဘယ်လိုထွက်လာမိပြီးဘယ်လိုစိတ်နဲ့ဒေါက်တာ့အခန်းတံခါးအထိသွားခေါက်မိလိုက်လဲ သူ့ကိုယ်သူနားမလည်နိုင်တော့ပါ။ တံခါးလာဖွင့်ပေးတဲ့မျက်နှာလေးကိုမြင်လိုက်ရတော့လည်း ရှိသမျှအပူမီးတွေငြိမ်းသတ်သွားပြီး သူ့အနီးနားတစ်ဝက်မှာလေပြေလေးတွေတိုက်ခတ်လာသလို အေးအေးချမ်းချမ်းလေးခံစားလိုက်ရသည်။ အိမ်နေရင်းမို့ဆေးရုံမှာလိုဂျုတီကုတ်တွေဘာတွေနဲ့မဟုတ်ပဲ pajamas လေးနဲ့ဆံပင်တွေကိုနှဖူးပေါ်ချထားကာဒေါက်တာ့မျက်နှာလေးကရှင်းသန့်နေသည်။

"ခန့် အိမ်ထဲဝင်လေ လာ"

ဘာကြောင့်လာတယ်ဆိုပြီးပေးစရာအကြောင်းပြချက်ရှာနေတုန်းကဒေါက်တာကသူ့ကိုအိမ်ထဲဝင်ခိုင်းတာမို့ပျော်ရွှင်စွာနဲ့ပဲဒေါက်တာ့အနောက်ကိုလိုက်သွားမိသည်။ Apron ဝတ်ထားတာဖြစ်လို့ဒေါက်တာညစာချက်နေတာများလား၊ ဒီလိုဆိုညစာသွားစားကြမယ်ဆိုတဲ့အကြောင်းပြချက်နဲ့အတူရှိနိုင်ဖို့မဖြစ်တော့ဘူးထင်တယ်။

နွေဦးပုံပြင်Where stories live. Discover now