အပိုင်း -(၁၄)

162 13 2
                                    

Unicode

"ဟာ သားကြီး Ducati ကြီးစီးပြီး မျက်မှန်အနက်ကြီးနဲ့မျက်စိလည်လမ်းမှားလာတာများလား"

"မဟုတ်ပါဘူး မင်းဆီကိုပဲတည့်တည့်လာခဲ့တာ"

သတိုးကို ပြောပြချင်နေတာတွေရှိတာကြောင့်ဘုန်းခန့်မှာ နားရက်ရောက်ဖို့အထိစောင့်လိုက်ရတာ။ တစ်ခုခုဆိုပြေးတိုင်ပင်စရာ ဒီသူငယ်ချင်းပဲရှိတာကြောင့်အရောက်လာခဲ့တာပင်။

"ဟျောင့် ဆိုင်ကယ်အသစ်လဲလိုက်တာလားကွ"

သူ့အရှေ့မှာ ရပ်နေတဲ့ဆိုင်ကယ်အနက်ကြီးကိုသဘောမကျပဲ မနေနိုင်သူဟာသတိုးဖြစ်သည်။တကယ်လည်းဆိုင်ကယ်ကနက်ပြောင်နေပြီးလုံးဝမိုက်နေတာကြီးလေ။ ဆိုင်ကယ်ကလည်းမိမိုက်နေသလို ဆိုင်ကယ်ပေါ်က ကောင်ကလည်း လည်သာဂျာကင်အနက်ရောင်နဲ့ ညမီးတိုင်ဝါဝါအောက်မှာထင်းထွက်နေတာက မိုးပေါ်ကကျလာတဲ့မိုးကျရွှေကိုယ်မင်းသားတစ်ပါးနှယ့်။

"အေး ဒီအနက်ရောင်လေးသဘောကျလို့"

"လာ လာ အိမ်ထဲဝင်အုံး"

သတိုး အနောက်ကနေအိမ်ထဲကိုလိုက်ဝင်သွားပြီး Ducati ကိုခြံထဲမှာရပ်ထားကာ သူဧည့်ခန်းထဲမှာ‌ ခြေပစ်လက်ပစ်ထိုင်ချမိ‌လိုက်တော့သည်။ခဏကြာ‌အမောပြေ‌သွားမှ လက်အိတ်တွေကိုချွတ်ပြီးစားပွဲပေါ်တင်လိုက်တော့ သတိုးကမီးဖိုခန်းထဲကထွက်လာပြီးဘီယာနှစ်ဗူး၊ cola နှစ်ဗူးယူလာနေတာကိုတွေ့လိုက်သည်။

သတိုးကမိဘတွေနဲ့အတူမနေပဲ သူ့လိုပဲအိမ်ခွဲနေတာဖြစ်သည်။ဒါကြောင့်လည်းတစ်ယောက်အိမ်တစ်ယောက် လွတ်လွတ်လပ်လပ်နဲ့ဝင်ထွက်သွားလာလို့အဆင်ပြေတာပေါ့။

"ကဲ ပြောပါအုံး ဘာကိစ္စ"

"ဟိုတခါ ငါတို့အင်းယားလမ်းက bar မှာသောက်တုန်းကမင်းမေးတယ်လေ၊ သဘောကျနေတဲ့သူရှိနေလို့လား ဆိုပြီး။ အဲ့တာကိုငါဖြေချင်လို့ရောက်လာတာ"

"အဲ့တော့အဖြေကဘာတဲ့လဲ၊ ကိုယ့်ကိုကိုယ်ဘာကောင်မှန်းသေချာသိသွားပြီလား"

ပြောချင်လို့ရောက်လာတယ်ဆိုပေမယ့်တကယ်တမ်းပြောရတော့မယ့်အခါ သူတုန်လှုပ်ရပြန်ပါသည်။ အခုနက ထိုင်ပြီးအမောပြေသွားပေမယ့်အခုတော့ ခံစားချက်တွေကြောင့်ပိုပြီးမောဟိုက်လာသလိုပင်။ လက်ဖျားတွေအေးစက်နေပြီးရင်တွေထဲတစ်ဒုန်းဒုန်း ဖြစ်နေသည်မှာပေါက်ထွက်တော့မယောင်။ အာ‌ခေါင်တွေခြောက်ကပ်လာတာမလို့ တံတွေးကိုမျိုချရင်းနှုတ်ခမ်းကိုလျှာဖြင့်သပ်လိုက်ပြီး သူပြောဖို့ပြင်ဆင်ရပြီ။

နွေဦးပုံပြင်Where stories live. Discover now