အပိုင်း -(၁၂)

155 13 3
                                    

Unicode

ဂျုတီမထွက်ခင်ဆေးကောင်တာမှာ nurse တွေနဲ့လူနာတွေအကြောင်း ဆွေးနွေးစကားပြောနေရင်းခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ကောင်လေးကိုမြင်လိုက်ရသည်။ မျက်နှာချင်းဆိုင်အခန်းကကောင်လေးက သူ့ကိုကြည့်ပြီးပြုံးပြနေတာမလို့သူလည်းကောင်လေးအနားကိုလျှောက်သွားလိုက်သည်။ သေချာ‌တွက်ကြည့်မှဒီကောင်လေးကိုမတွေ့တာကြာပြီပဲ တစ်ပတ်လောက်တော့ရှိမယ်ထင်။အဲ့ကောင်လေးကသူနဲ့တွေ့ရင် သူငယ်ချင်းလိုချင်နေတဲ့ ကလေးလေးတစ်ယောက်နှင့်တူလေသည်။ အခုလည်းသူနဲ့မိတ်ဆွေတွေတောင်ဖြစ်နေပြီပဲကို။ ပုံမှန်ဆိုကိုယ့်ဘက်ကနေစပြီးစကားအပိုမပြောတတ်တဲ့ နွေဦးကဒီကောင်လေးကိုတော့ခင်မင်ချင်ပြီးစပြောလိုက်မိပါသည်။

"ခန့် အဖိုးဆီလာတာလား"

သူ့နှုတ်ကထွက်သွားဝာဲ့အသံအနည်းငယ်တော့တည်ငြိမ်မနေတာဝန်ခံပါသည်။ ရင်းရင်းနှီးနှီးခေါ်စေချင်ပုံရသည့်ကောင်လေးစိတ်ကျေနပ်အောင် "ခန့်" လို့သာပြောင်းခေါ်ပေးခဲ့ပေမယ့်အသားမကျသေးပါ။ ကြက်သီးထစရာ။

"ဟုတ်တယ် ဒေါက်တာ"

ကိုယ့်ဟာကိုယ်ချစ်မိသွားပြီ ဆိုတာကိုလက်ခံရင်း ခံစားချက်တွေပြင်းထန်နေတုန်း "ခန့်" ဆိုတဲ့ခေါ်သံလေးကြောင့်သူ 5 စက္ကန့်လောက်ငြိမ်သက်မိသွားကာမှပြန်ဖြေလိုက်ရသည်။ ဒီအချိန်မှာသူ့ရင်ထဲဘာတွေဖြစ်နေလဲသူ့အရှေ့ကလူမသိပါ။တစ်ယောက်ထဲ ရင်ထဲမှာဖြစ်ချင်တာတွေဖြစ်ပြီးဝုန်းဒိုင်းကျဲနေခဲ့တာပင်။ ဒေါက်တာ့ကိုတွေ့ရင်ပြောမယ်ဆိုတဲ့ စကားတွေဟာလည်းလည်ချောင်းထဲကနေထွက်မလာပဲရပ်တန့်ကုန်သည်။ ဒီလူနဲ့ဆိုရင်သူ့ရဲ့တုန့်ပြန်မှုတွေကတကယ်ကို ကယောက်ဂယက် နိုင်ပြီးနှေးကွေးသွားတတ်သည်ဟာဘာကြောင့်များလဲ။

"ဒေါက်တာအိမ်ပြောင်းသွားတာလားဟင်"

"အမ် မပြောင်းပါဘူး"

ဒေါက်တာ့ကိုမတွေ့တာကြာတော့သူ့စိတ်ထဲထင်နေတာကို‌ထုတ်မေးလိုက်ပေမယ့် တကယ်မဟုတ်ကြောင်းပြောလာတဲ့အခါ ဝမ်းသာရပါသည်။အိမ်ပြောင်းသွားတယ်ဆိုရင် ပိုဝေးရမယ်မဟုတ်လား သူအဲ့လိုမျိုးအဖြစ်မခံနိုင်ပါ။

နွေဦးပုံပြင်Where stories live. Discover now