အပိုင်း -(၁၀)

163 13 2
                                    

Unicode

ဒီနေ့နွေဦးအိမ်ပြန်ဖြစ်သည်။ မေမေ့အိမ်လည်းမရောက်တာကြာနေတာနှင့်သူသွားရန်ဆုံးဖြတ်ပြီးထွက်လာခဲ့သည်, တကယ်ဆို မေမေကနွေဦး condo ကနေအိမ်မှာပဲလာနေဖို့အမြဲနားချသည်။ နွေဦးကလည်းဆေးရုံက condo နဲ့နီးလို့သွားရ လာရပိုအဆင်ပြေတယ်ဟုဆင်ခြေပေးသည်။

ဒါပေမယ့် ဒီနောက်ပိုင်းတော့မေမေ့အိမ်တွင်
မကြာမကြာနေရန်နွေဦးဆုံးဖြတ်မိသည်။‌
ဘာလို့ဆို မိဘဆိုတာရှိတုန်းပဲဂရုစိုက်ခွင့်ရပြီး၊အနားမှာနေပေးခွင့်ရတာဖြစ်သည် မရှိတော့မှဂရုမစိုက်ပေးလိုက်နိုင်ဘူး၊အနားမှာမရှိပေးလိုက်နိုင်ဘူး ဟုသူနောင်တ‌တွေထပ်မရချင်တော့ပါ။

ခဏကြာတော့ မေမေ့အိမ်ရှေ့ရောက်လာသည်။ခြံထဲမှာပါးပါးကားကိုပါတွေ့လိုက်ရတော့ဒီနေ့ ပါးပါးလည်းရှိနေတာလားဟုတွေးမိသွားသည်။ ပါးပါးက အိမ်မှာအချိန်ပြည့်မရှိပါ။ သူ့ဟိုဖက်အိမ်မှာပိုအနေများတာကြောင့်ရော၊ တစ်နေကုန်အလုပ်မှာပဲနေရင်နေ၊မဟုတ်ရင် သူ့မိတ်ဆွေတွေစကားဝိုင်းတစ်ခုစရင်းအချိန်ကုန်တတ်သည်။

ငယ်ငယ်ကတည်းကပါးပါးကလည်းသူ့လုပ်ငန်းနှင့်သူမို့နွေဦးကိုသီးသန့်အချိန်မပေးနိုင်၊ပိုက်ဆံကိုသာကုန်းရုန်းရှာသည်။ ထိုသို့ပိုက်ဆံရှာခြင်းကြောင့်လည်းနွေဦးဘဝသက်တောင့်သက်သာနေခဲ့ရသည်။ ဒါကြောင့်လည်းနွေဦးငယ်ငယ်ကတည်းကပါးပါးနဲ့မရင်းနှီးတာဖြစ်၏။
ထိုအတွေးတွေကိုခေါက်သိမ်းလိုက်ပြီးအိမ်ထဲကိုဝင်လာခဲ့လိုက်တော့သည်။

"ဟယ် သားငယ်လေး၊ မေမေကမင်းကိုလွမ်းနေတာတော်သေးတာပေါ့ရောက်လာလို့"

မေမေကဝမ်းသာအားရနဲ့နွေဦးကိုလာဖက်သည်။သေချာကြည့်ရင်မေမေ့မျက်ဝန်းတွေထဲမျက်ရည်စအချို့အနည်းငယ်ဝေ့တတ်နေသည်ကိုမြင်တော့နွေဦးအိမ်မှာမကြာမကြာလာနေရန်ဆုံးဖြတ်ချက်ကပို၍ခိုင်မာလာသည်၊မေမေ့အပြုံးတွေမြင်လိုက်ရတဲ့တစ်ခဏသူ့စိတ်တွေကြည်လင်လာမိသည်။

"နောက်ဆိုဂျုတီအားတာနဲ့မကြာမကြာလာတော့မှာ"

"အဲ့‌လိုဆိုတော့ ဒီအမေက‌ပျော်ရတာပေါ့"

နွေဦးပုံပြင်Where stories live. Discover now